Latest News
နောက်ဆုံးရသတင်းများ
ငွေကျပ် သန်း သုံးသောင်းကျော်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ခွင့်ပြုရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင်အဆိုတင်သွင်း
14/02/19
မန္တလေးတိုင်းဒေသကြီး အစိုရအဖွဲ့က ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၃၅,၄၅၅ သန်းကျော်အား ယနေ့ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
သရက်ခရိုင်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း(၃၂)ခု ဆောင်ရွက်လျက်ရှိ
14/02/19
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ် (၆)မြို့နယ်ရှိ ကျေးရွာပေါင်း (၃၂)ရွာ၌ မူလခွင့်ပြု ရန်ပုံငွေကျပ် ၃၈၄ ဒသမ ၃သန်းနှင့် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၄၁ ဒသမ ၃၅၃ သန်း တို့ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
14/02/19
သစ္စာစီမံချက်ဖြင့် ဂန့်ဂေါမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီတွင် ဂန့်ဂေါမြို့နယ် ကန်ရွာ အထက ကျောင်းခန်းမ၌ ပြုလုပ်သည်။
ချင်းအမျိုးသားနေ့ ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
14/02/19
ချင်းတိုင်းရင်းသားတို့၏ (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၌ ဓမ္မပူဇာသဘင်ကို ငါးရက်တိုင်တိုင် ကျင်းပမည်
14/02/19
နေပြည်တော် မြတ်ပါရမီလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းမိသားစုများ၊ ဈေးသူဈေးသားများ၏ အဋ္ဌမအကြိမ် မြောက် ဓမ္မပူဇာသဘင်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ သမ္ဗမင်္ဂလာသိဒ္ဓိ ဆုတောင်းပြည့်စေတီရင်ပြင်၌ ငါးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း (၂/၂၀၁၉) အခမ်းအနားကျင်းပ
14/02/19
သတင်းထုတ်ပြန်ခြင်း(၂/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
သံတွဲ၌ ဆိုင်ကယ်စီးသူတိုင်းဦးထုပ်ဆောင်းရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်
14/02/19
သံတွဲမြို့အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဦးဆောင်၍ ဆိုင်ကယ်စီးသူတိုင်းဦးထုတ်ဆောင်းရေး အသိပညာ ပေး လှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက သံတွဲမြို့ဆေးရုံဝန်းစုရပ်မှ ဆိုင်ကယ်အစီး ၇၀ အား ယာဉ်စည်းကမ်း စာတန်းပါ အင်္ကျီ ၁၅၀ နှင့် ဆိုင်ကယ်စီး ဦးထုပ် ၇၀ တို့ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးသင်၊ မြို့နယ်မော်တော်ယာဉ် ကြီးကြပ် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဦးထွန်းသန့်ကျော် ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်စိုး၊ သံတွဲမြို့အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်သန်းစိုးအောင်တို့က အခမဲ့ဝတ်ဆင်ပေးကြပြီး သံတွဲမြို့ဆေးရုံဝန်းမှ ငပလီမြို့ ဂျိတ္တောရပ်ကွက်အထိ အသွားအပြန် ပညာပေးသရုပ်ပြ လှုပ်ရှားမှုအဖြစ်ဆောင်ရွက်ခဲ့သည်။
ဘဝသင်ခန်းစာ လမ်းညွှန်စကားများ
14/02/19
ညီလင်းတည် ဘာသာပြန်ဆိုရေးသားသည့် ဘဝသင်ခန်းစာ လမ်းòန်စကား များစာအုပ် ထွက်ရှိလာသည်။
ခေတ်ပုံရိပ် (အမှတ်စဉ်-၇)
14/02/19
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးကို ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူကလောင်ရှင်များ စုစည်းထုတ်ဝေသည့် ခေတ်ပုံရိပ်အမှတ်စဉ်(၇) စာအုပ်ထွက်ရှိလာသည်။
တီးတိန်တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ရင်သွေးငယ်များ ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပ
14/02/19
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တီးတိန် မူလတန်းကြိုကျောင်း ဦးဆောင်မှုဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင်