Latest News

နောက်ဆုံးရသတင်းများ

အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံညှိနှိ်ုင်းဆွေးနွေးပွဲ ကျင်းပမည်

ပြည်တွင်း

19/02/19

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျင်းပမည့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်အညီ စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းဆောင်ရွက်ရမည့် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံညှိနှိ်ုင်းဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲ(၂)ကို အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပမည်

အနုပညာရပ်ဝန်း

19/02/19

ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲ(၂) (Museum Activity II) ကို ဖေဖော်ဝါရီ ၂၀ ရက်မှ  ၂၈ ရက်အထိ အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ပြတိုက်ဖွင့်ချိန်အတိုင်း နေ့စဉ်ဖွင့်လှစ်ပြသသွားမည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နဝမအကြိမ် တိုင်းရင်းဆေးပညာ သုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပြည်တွင်း

19/02/19

နဝမအကြိမ် တိုင်းရင်းဆေးပညာ သုတေသနစာတမ်းဖတ်ပွဲ (The 9th Traditional Medicine Research Congress) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၌ ကျင်းပသည်။

ပျဉ်းမနားမြို့နယ်နှင့် မဘိမ်းမြို့နယ်တို့တွင် တရားမဝင် ကျွန်းသစ်များ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

မှုခင်း

19/02/19

တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ

ရှေးဟောင်းသမိုင်းဝင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်တွင်း

19/02/19

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မော်တင်စွန်းအငူတွင် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးရှိရာ ကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ 

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်တွင်း

19/02/19

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် လက်မှတ်ရေးထိုးပွဲကျင်းပ

ပြည်တွင်း

19/02/19

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် (Country Programming Framework-CPF)  လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပသည်။

မာန်အောင်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိမည်

ပြည်တွင်း

19/02/19

ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နယ်တွင် မေလကုန်မှစတင်၍ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

မှုခင်း

19/02/19

ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ အနောက်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၈)ဧကခန့်အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့မှ ယမန်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဖတ်များဆုံး သတင်း