Latest News

နောက်ဆုံးရသတင်းများ

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

မိုးလေဝသ

24/02/19

နေပြည်တော် ၂၄ ဖေဖော်ဝါရီ

 


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များမှာ ဖော်ပြပါအတိုင်းဖြစ်သည်။

 


MDN

 

နတ်မောက်မြို့ အစိုးရဌာနဆိုင်ရာရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသ

ပြည်တွင်း

24/02/19

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် နတ်မောက်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးအား ယမန်နေ့နံနက် ၁ဝ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခဲ့သည်။

ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သော လယ်မြေများသို့ မျိုးစပါးများ ပေးအပ်လှူဒါန်းပွဲကျင်းပ

ပြည်တွင်း

24/02/19

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၈ ဇူလိုင်လအတွင်း အတ္တရံမြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်ခြင်းခံရသော တောင်သူလယ်သမားများထံ မြန်မာချိကျိ ဖောင်ဒေးရှင်း ပရဟိတအသင်း ထိုင်ဝမ်မှ လာရောက်လှူဒါန်းသော ဆင်းသုခမျိုးစပါးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကုန်မြို့ အိမ်ရာအရောင်းပြခန်း ဖွင့်ပွဲသို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကားပြော

ပြည်တွင်း

24/02/19

ရန်ကုန်မြို့ အိမ်ရာအရောင်းပြခန်း (Yangon City Gallery) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ အဆောက်အဦ၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

သက်ရွာကျေးရွာထွက် သဲရေအိုးများ ရောင်းအားသွက်လျက်ရှိ

ပြည်တွင်း

24/02/19

နွေဦးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မကွေးတိုင်းဒေသကြီး ပခန်းကြီးမြို့ဟောင်းအတွင်းရှိ သက်ရွာကျေးရွာထွက် ပြာသိုသဲရေအိုးများ ရောင်းအားသွက်လျက်ရှိပြီး ရေခပ်အိုးများနှင့် ထန်းမြူအိုးများ ရောင်းအားကျလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအား ဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားလုံခြုံရေး ပိုမိုကြီးကြပ်ပေးရန် ဒေသခံများလိုလားနေ

ပြည်တွင်း

24/02/19

ချင်းတွင်းမြစ်အားဖြတ်သန်းကာ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားကြီးပေါ်တွင် လုံခြုံရေးလျော့နည်းလျက်ရှိသဖြင့် ဆင်ဖြူရှင်တံတား လုံခြုံရေးအား ယခင်ထက် ပိုမိုကြီးကြပ်ပေးရန် မကွေးတိုင်းဒေသကြီးဘက်ခြမ်း ဆင်ဖြူရှင်တံတားအနီးရှိ ဒေသခံကျေးရွာများမှ လိုလားလျက်ရှိကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသားထုတ်လုပ်မှု ကဏ္ဍများတွင် အသုံးပြုရန် ကျွဲ၊ ခိုင်းနွားနှင့် နွားနောက်ကောင်ရေ (၂၅ဝဝဝ)ကျော် မွေးမြူထား

ပြည်တွင်း

24/02/19

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်း မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ အသားထုတ်လုပ်မှု ကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် ကျွဲ၊ ခိုင်းနွားနှင့် နွားနောက်(အသားစား) ကောင်ရေ (၂၅ဝ၇၅)ကောင် မွေးမြူထားကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ရုံးမှ သိရသည်။

မန္တလေးမြို့တွင် တိုင်းပြည်အနာဂတ်နှင့်လူငယ် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်တွင်း

24/02/19

တိုင်းပြည်အနာဂတ်နှင့် လူငယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မြစ်သားမြို့၌ ပျော်ဘွယ်လေး-ဒါးရယ်ကောင်း စမုံမြစ် လူကူးတံတားတည်ဆောက်

ပြည်တွင်း

24/02/19

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ပျော်ဘွယ်လေး-ဒါးရယ်ကောင်း စမုံမြစ် လူကူးတံတားအား  ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေနှင့် ဒေသခံပြည်သူများက လုပ်အား၊ ငွေအားတို့ဖြင့် စုပေါင်းထည့်ဝင်၍ တည်ဆောက်ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ(၉)ရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်နေ

ပြည်တွင်း

24/02/19

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာ၌ နွေရာသီ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အဝီစိစက်ရေတွင်း (၉)တွင်း တူးဖော်လျက်ရှိရာ ယခုအခါ စက်ရေတွင်း (၃)တွင်း တူးဖော်ပြီးစီး၍ စင်မြင့်ရေစင်၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဖတ်များဆုံး သတင်း