Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား လက်ခံတွေ့ဆုံ
28/02/19
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တရားမဝင်သစ်ခိုးထုတ်သည့်အဖွဲ့ ဗန်းမော်မြို့နယ်တွင် ဖမ်းဆီးရမိ
28/02/19
နယ်မြေခံတပ်မှ တပ်မတော်တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီခွဲက ဗန်းမော်မြို့နယ် မိုင်းစိမ်းဒေသတွင် တရုတ်နိုင်ငံသား (၃)ဦးနှင့် မြန်မာနိုင်ငံသား (၃)ဦးပါဝင်သော တရားမဝင်သစ်ခိုးထုတ်သည့်အဖွဲ့အား
မန္တလေးရေတံခွန်တောင်အား ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်၍ ခရီးသွားအမျိုးအစား စုံလင်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်
28/02/19
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သဘာဝတောတောင်စိမ့်စမ်းများဖြင့် သာယာလှပ နေသည့် မန္တလေးရေတံခွန်တောင်အား နိုင်ငံတကာခရီးသွားများ သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ အသစ် တစ်ခုအဖြစ် ဖော်ထုတ်၍ ခရီးသွားအမျိုးအစား စုံလင်စွာ ထားရှိနိုင်စေရေးအတွက် ၄င်းရေတံခွန်တောင်အနီးရှိ ကျောက်နံရံများတွင် Rock Climbing (ကျောက်နံရံတက်ခြင်း) အားကစားနည်း လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် အိုင်တုံကွန်းကြိုးဝိုင်းအတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ
28/02/19
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်လျက်ရှိရာ
မန္တလေးမြို့တွင် တရားမဝင်ဖွင့်လှစ်သည့် တည်းခိုခန်းများကို စစ်ဆေး အရေးယူ သွားမည်ဟု ဆို
28/02/19
မန္တလေးမြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုခန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှုများ ရှိနေခြင်းကို ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေး အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးမြတ်သူက ပြောသည်။
သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် လေးစီးအား AA သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး
28/02/19
ရခိုင်ပြည်နယ် သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် လေးစီးအား ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက AA သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယဘုရားကျောင်းများ ဗိသုကာဆိုင်ရာ ဓာတ်ပုံပြပွဲကျင်းပမည်
28/02/19
အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲကို မတ် ၃ ရက် မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ဒဂုံမြို့နယ် ပြည်လမ်းရှိ အမျိုးသားပြတိုက် ရန်ကုန်မြို့တွင်ပြသမည်ဖြစ်သည်။
(၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
28/02/19
၂၀၁၉ ခုနှစ် (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်ပြီး
ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲကျင်းပ
28/02/19
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီ ........