Latest News
နောက်ဆုံးရသတင်းများ
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ကမ်းခြေဈေးဆိုင်များ ခေတ္တပိတ်ထား
06/03/19
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံ စာစစ်ဌာန အရှေ့ကမ်းခြေရှိ ဈေးဆိုင်များ၊ ခေါင်းရွက် အကင်ဆိုင်များသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ယာယီပိတ်ထားကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်
06/03/19
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်က မင်္ဂလွန်းကျေးရွာ အခြေခံပညာ မူလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ငမြောင်တောင်ပိုး ကြိုတင်ကာကွယ် နှိမ်နင်းရေး အသိပညာပေး
06/03/19
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် အတွင်းရှိ တောင်သူဦးကြီးများ လူမှုဘဝဖွံ့ဖြိုးရေး၊ အာဟာရလုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ------
သထုံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ လာရောက်ဖြေဆိုရန် ၂၅၀ ဦး ပျက်ကွက်
06/03/19
မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ စာစစ်ဌာနများတွင် မတ်လ ၆ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို -----
တရုတ်နိုင်ငံမှ ကျွဲ၊ နွားများ ဝယ်ယူခြင်း မရှိတော့သည့်အတွက် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရ
06/03/19
မြန်မာနိုင်ငံ အရပ်ဒေသအသီးသီးမှ ကျွဲ၊ နွား တင်ပို့နေသည့် ကုမ္ပဏီများသည် မူဆယ် (၁၀၅)မိုင် ကျွဲ၊ နွားကွင်းများတွင် အရောင်းအဝယ် မဖြစ်ဘဲ ရှိနေသည့်အတွက် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများအသင်းထံမှ သိရသည်။
ငပုတောမြို့နယ် ကျေးလက်နေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင် သင်တန်းဖွင့်
06/03/19
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင် သင်တန်းဖွင့်ပွဲကို --------
ကျုံပျော်မြို့နယ်၌ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
06/03/19
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက်က ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိက်မရောမြို့နယ်တွင် ယဉ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာသင်တန်း တစ်လကြာ သင်ကြားပို့ချ
06/03/19
နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ----
ဂန့်ဂေါတွင် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့ ပြုလုပ်ပြသ
06/03/19
ဂန့်ဂေါခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲနှင့် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းကို မတ်လ ၅ ရက် နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် SMUလက်ပန်နှင့် နန်းခလဲကျေးရွာတို့ ထူးချွန် (က)အဆင့် ကျေးရွာအဖြစ် ရွေးချယ်ခံရ၍ အမေရိကန်ဒေါ်လာ ၁၅၀ဝ၀ ထပ်မံရရှိမည်
06/03/19
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ(KOICA) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်သော .....