Latest News
နောက်ဆုံးရသတင်းများ
မယ်စဲ့တွင် တယ်လီဖုန်းလိုင်း တပ်ဆင်မှုအား ကန့်ကွက်မှုများရှိနေ၍ ရှင်းလင်းပွဲပြုလုပ်
11/03/19
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ နှစ်ဦးသဘောတူ ငှါးရမ်းအသုံးပြု ဆောင်ရွက်ခဲ့မှုအပေါ် အစိုးရအဆင့်ဆင့်၏ ခွင့်ပြုချက်များကို အသိပေးတင်ပြမှု၊ ညှိနှိုင်းမှုမရှိဘဲ တာဝါတိုင်တည်ဆောက်ခြင်းအား သံဃာတော်များနှင့် ပြည်သူလူထုမှ ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ သံဃာတော်များ၊ ဒေသခံပြည်သူများအား ချပြရှင်းလင်းဆွေးနွေးပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ခင်ဦးမြို့နယ်၌ ကျေးရွာပေါင်း (၃၇)ရွာ မီးလင်းရေး ဆောင်ရွက်လျက်ရှိ
11/03/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ပထမအဆင့်ကို
မယ်စဲ့တွင် တယ်လီဖုန်းလိုင်း တပ်ဆင်မှုအား ကန့်ကွက်မှုများရှိနေ၍ ရှင်းလင်းပွဲပြုလုပ်
11/03/19
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ -------
နမ္မတီး၌ ဆိုင်ကယ်ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်ရာမှ ဆိုင်ကယ်ခုနစ်စီး သိမ်းဆည်းရမိ
11/03/19
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ မတ် ၁၀ ရက် နံနက် ၁၀ နာရီခွဲက ဆိုင်ကယ်ပျောက်ဆုံးသူတစ်ဦး၏ တိုင်တန်းမှုအား စုံစမ်းဖော်ထုတ်ရာမှ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်ခုနစ်စီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်ထံမှ သိရသည်။
မိုင်းပျဉ်းမြို့မဈေး၌ မီးဘေးကာကွယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်
11/03/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မတ် ၁၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှစ်ထပ်ရုံး ဆောက်လုပ်
11/03/19
သီပေါမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှစ်ထပ်ရုံး ဆောက်လုပ်လျက်ရှိပြီး ကျောက်မဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် အဖွဲ့သည် မတ် ၁၀ ရက် နံနက် ၁၀ နာရီခွဲက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဓနုတိုင်းရင်းသား ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
11/03/19
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရားပွဲတွင် ထည့်သွင်းကျင်းပသည့် ဓနုတိုင်းရင်းသား ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ် ဒုတိယအကြိမ် ရေသဘင်ပွဲတော်ကျင်းပ
11/03/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ဒုတိယအကြိမ်မြောက် ရေသဘင်ပွဲတော် အခမ်းအနားကို ကျိုင်းတုံတက္ကသိုလ်၌ မတ် ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
မြင်းခြံမြို့တွင် အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ ဓာတ်ပုံပညာများ(အခမဲ့) လာရောက်ပို့ချ
11/03/19
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ စွန်းလွန်းဂူကျောင်းတိုက်၌ ယနေ့နံနက် ၉ နာရီက အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ ဓာတ်ပုံပညာများကို အခမဲ့ လာရောက်ပို့ချခဲ့ကြောင်း သိရှိရသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအား မသန်စွမ်းအဖွဲ့စည်းများ လေ့လာခြင်းမှရရှိသော အကြံပြုချက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
11/03/19
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ပြုလုပ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအား မသန်စွမ်းအဖွဲ့စည်းများ လေ့လာခြင်းမှရရှိသော အကြံပြုချက်များတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို
အဖတ်များဆုံး သတင်း
- 9/Jul/2026