Latest News

နောက်ဆုံးရသတင်းများ

စာပေချစ်သူများအဖွဲ့နှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းကျင်းပ

ပြည်တွင်း

11/03/19

နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စာပေချစ်သူများအဖွဲ့နှင့် စာပေဝါသနာရှင်များ စုပေါင်းကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပသည်။

ဘုတလင်မြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေ ဧက(၁၀ဝ) ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ပြည်တွင်း

11/03/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် Tech United Power ကုမ္ပဏီတို့ ပူးပေါင်းပြီး ဘုတလင်မြို့နယ်၊ ဆည်ဝကျေးရွာ၊ ကွင်းအမှတ်(၁၄၅)တွင် အဆင့်မြင့်လယ်ယာမြေ ဧက(၁၀ဝ) ဖော်ထုတ်ခြင်းလုပ်ငန်းကို ယခုမတ်လဆန်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၏ ပြောပြချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မြဝတီမြို့၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုနေကြသည့် ကျောင်းသားကျောင်းသူများအား အားပေးစကားပြောကြား

ပြည်တွင်း

11/03/19

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးတို့သည် ယမန် နေ့နံနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆို နေကြသည့် ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။ 

မန္တလေး၌ တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်

ပြည်တွင်း

11/03/19

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းဒေါင့်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာတွင် ပိုင်ဆိုင်မှုအထောက်အထားမရှိသော ဆိုင်ကယ်သုံးစီးနှင့် လူ ၆ ဦးအား ဖမ်းဆီးအရေးယူ

ပြည်တွင်း

11/03/19

မိတ္ထီလာမြို့နယ် ရတနာမာရ်အောင်ရပ်ကွက်နယ်မြေ ရေကျော် ၂ ပေါက်အနီးရှိ မိတ္ထီလာ-သာစည် ကားလမ်းဘေး မှောင်ရိပ်အတွင်း၌ ပိုင်ဆိုင်မှုအထောက်အထားမရှိသော ဆိုင်ကယ်သုံးစီးနှင့် လူ ၆ ဦးအား မတ် ၁ဝ ည ၁၁ နာရီက တွေ့ရ၍ နယ်မြေလှည့်ကင်းအဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ပဲမျိုးစုံလှိုင်လှိုင်ပေါ်ရာသီကာလ၌ မန္တလေး ပဲဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်စည်ကားနေ

စီးပွားရေး

11/03/19

ယခုရာသီကာလသည် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိလာသည့် ပဲမျိုးစုံများ မန္တလေးဈေးကွက်အတွင်းသို့ လှိုင်လှိုင်ပေါ် ဝင်ရောက်လာသော်လည်း အရောင်းအဝယ်များ တုံ့ဆိုင်းသွားခြင်းမရှိ သွက်လက်မြန်ဆန်စွာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း မန္တလေးမြို့ရှိ ပဲကုန်သည်များထံမှ သိရသည်။

ကျုံးပတ်လည်တွင် လက်တွန်းလှည်း၊ ဗန်းရွက်ဈေးသည်များ ဧပြီလ ၁ ရက်မှ စတင်ကာ လိုင်စင်လျှောက်ထားနိုင်

ယဉ်ကျေးမှုနှင့် ခရီးသွား

11/03/19

မန္တလေးမြို့ကျုံးပတ်လည်တွင် ဈေးရောင်းချမည့် လက်တွန်းလှည်း ၊ဗန်းရွက်ဈေးသည်များကို ဧပြီလ ၁ ရက်မှ စတင်ကာလိုင်စင်များချထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

သီးနှံစိုက်ပျိုးရေ ပေးဝေရန်အတွက် စစ်ကိုင်းခရိုင်မှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ အသင့်စီစဉ်ထားပြီးဖြစ်

ပြည်တွင်း

11/03/19

စစ်ကိုင်းခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီ၌ လျာထားသီးနှံများကို ----

မိုင်းယုမြို့၌ One Stop Shop ဝန်ဆောင်မှုအကြောင်း အသိပညာပေးဟောပြောပွဲ

ပြည်တွင်း

11/03/19

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် OSS ဝန်ဆောင်မှုရုံးမှ ပြည်သူတို့၏ လိုအပ်ချက်များကို

ချောက်မြို့နယ် ဆင်ကကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

မှုခင်း

11/03/19

ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု ဆင်ကကျေးရွာတွင် မတ် ၁၀ ရက် ည ၉ နာရီ မိနစ် ၄ဝ ခန့်က ကျေးရွာနေ ဦးရန်ကြီးအောင်၏ နေအိမ် ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ရာမှ နေအိမ်ထန်းရွက်အကာသို့ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဖတ်များဆုံး သတင်း