Latest News

နောက်ဆုံးရသတင်းများ

ခမောက်ကြီးမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့် 

ပြည်တွင်း

20/03/19

ကော့သောင်းခရိုင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခမောက်ကြီးမြို့  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော  သဘာဝဘေးလျော့ပါးရေး  စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၉) ကို ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ တွင် ကျင်းပသည်။

မြန်မာနိုင်ငံပြည်ပကိုဗဟိုပြုကာ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

မိုးလေဝသ

20/03/19

နေပြည်တော် ၂၀ မတ်

မတ်လ ၂၀ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၅၇ မိနစ် ၃၄ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၄၀ဝ) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပကို ဗဟိုပြုကာ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဒေသအချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

မိုးလေဝသ

20/03/19

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

မြန်မာနှင့် ဗီယက်နမ်အမျိုးသမီးအသင်း ယနေ့ခြေစမ်းပွဲကစားမည်

အားကစား

20/03/19

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းသည် မတ် ၂၁ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရွေ့လျားဆေးခန်းကားဖြင့်              ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

20/03/19

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဒုတိယခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင်မောင်သိန်း ဦးဆောင်သောအဖွဲ့သည်

တပေါင်းလပြည့်နေ့တွင် လေးကျွန်းဆီမီးစေတီတော်ကြီးအား ရွှေစင်ရွှေပြား(၈၆)ကျပ်သား ကပ်လှူပူဇော်

ပြည်တွင်း

20/03/19

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကို  လာရောက်ဖူး မြော်သူ ရဟန်း/ရှင်/လူ ပြည်သူအများ  ကြည်ညိုသဒ္ဒါပွားများစေရန် ရည်ရွယ်၍ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး စေတီတော်ကြီးနှင့်အတူ အရံစေတီ(၄)ဆူကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ရာ တပေါင်းလပြည့်နေ့ မတ်(၂၀)ရက် နံနက်(၉)နာရီက စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်၌ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်အတူ ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း ရေစက်ချအလှူတော် မင်္ဂလာကို ကျင်းပခဲ့ကြောင်း သိရသည်။

(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြီးစီး ကျောက်စိမ်းအတွဲ ၅၂၆၃  တွဲ၊ ကျောက်မျက်အတွဲ  ၆၉ တွဲ နှင့် ပုလဲ အတွဲ  ၂၇၄  တွဲ ရောင်းချခဲ့ရ

စီးပွားရေး

20/03/19

ပြပွဲတွင် ကျောက်စိမ်းအတွဲ ၆၉၇၃ တွဲတင်ပြခဲ့ရာ  ၅၂၆၃ တွဲ၊ ကျောက်မျက်အတွဲ ၅၀ဝ တင်ပြခဲ့ရာ အတွဲ ၆၉ တွဲနှင့်  ပုလဲအတွဲ ၂၇၄ တွဲ တင်ပြခဲ့ရာ

မတ်လ (တတိယ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

မိုးလေဝသ

20/03/19

နေပြည်တော် ၂၀ မတ်

၂၀၁၉ ခုနှစ်၊ မတ်လ (ဒုတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသအခြေအနေများပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြထားသည်။

 

ထားဝယ်မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းခြောက် လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပြည်တွင်း

20/03/19

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတောင်စား စေတီတော်(၂၅၆)နှစ်မြောက်နှင့် လောကမာရဇိန်ဘုရား(၁၄၃)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက်လောင်းလှူပွဲကြီးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ 

တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

တိုင်းရင်းသား ရေးရာ

20/03/19

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှစပြီး အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’ ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ဘာသာအစီအစဉ်များကို ည ၁၁ နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။

အဖတ်များဆုံး သတင်း