Latest News

နောက်ဆုံးရသတင်းများ

ထာဝရငြိမ်းချမ်းရေးဓမ္မသဘင် ဒုတိယနေ့ ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ

ပြည်တွင်း

02/04/19

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ဒုတိယနေ့ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့  ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေ  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား တွေ့ဆုံဆွေးနွေး

ပြည်တွင်း

02/04/19

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံသံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

ပြည်တွင်း

02/04/19

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Luan Thuy Duong  နှင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Daniel  Patrick Chugg တို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

နိကာယ်စာမေးပွဲ ကျင်းပမည်

ပြည်တွင်း

02/04/19

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၁၉ ခုနှစ်၊ နိကာယ်စာမေးပွဲကို ၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက်မှ နယုန်လဆန်း ၅ ရက်အထိ ဇွန် ၃ ရက် မှ ၇ ရက်အထိ  ၅ ရက်တိုင်တိုင် .....

ကလေးဝမြို့နယ်ရှိ လေဘေးသင့်အိမ်ထောက်စုများအား အသုံးအဆောင်ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်

ပြည်တွင်း

02/04/19

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း မတ် ၃၁ ရက် ညနေက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အခြားအဆောက်အဦများ အမိုးသွပ်များလန်ခြင်း ဖြစ်ပွားခဲ့သော မြို့မ၊ ရွာသာ၊ သစ်ချောက်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၇၄ စုတို့အား  အသုံးအဆောင်ပစ္စည်း ငါမျိုးစီနှင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၂၀ဝ၅၀ဝ၀ ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် သံဃာအပါး ၁၃၀ အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်

ပြည်တွင်း

02/04/19

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ဧပြီ ၂ ရက် မွန်းလွဲ ၃ နာရီက အဆိုပါ ဘုရားကြီးပုရဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

ပြည်တွင်း

02/04/19

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)ဂုဏ်ထူးဆောင် နာယကများ အသိအမှတ်ပြုလွှာများ ပေးအပ်ခြင်းနှင့်  ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace-Myanmar)တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပြည်တွင်း

02/04/19

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

နေ့စဉ်မိုးလေဝသသတင်း

မိုးလေဝသ

02/04/19

ဧပြီ ၂ ရက် ၄ နာရီတိုင်းထွာချက်များအရ  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်နှင့် ပရိယတ္တိစာအောင်ဆုငွေပဒေသာပင် စိုက်ထူလှူဒါန်းရန်အတွက် အလှူငွေများပေးအပ်လှူဒါန်း

ပြည်တွင်း

02/04/19

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ပရိယတ္တိစာအောင်ဆုငွေပဒေသာပင် စိုက်ထူလှူဒါန်းရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ......

အဖတ်များဆုံး သတင်း