Latest News

နောက်ဆုံးရသတင်းများ

ချောင်းဦးမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာမေးပွဲကျင်းပ

ပြည်တွင်း

07/04/19

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ချောင်းဦးမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာမေးပွဲကို ဧပြီလ(၂)ရက်မှ (၈)ရက်ထိ မွန်းလွဲ(၁၂)နာရီ အချိန်မှ ညနေ(၃)နာရီထိ ချောင်းဦးမြို့ အ.ထ.က အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ကြီး များမှ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်းစာရင်းရှိ(၈၄)ပါးနှင့် စာဖြေ သံဃာတော်(၇၅)ပါး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့၌ ရဟန်းသာမဏေ သီလရှင် အပါး ၂၅၀ တို့ကို ဆွမ်းဆန်စိမ်း လောင်းလှူ

ပြည်တွင်း

07/04/19

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့သော ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီက စေတီတော်ကြီး၏ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

စည်ပင်ရွာသစ်၊ စည်ပင်ရွာမ၊ စည်ပင်တပ်ပိုးကျေးရွာတို့၌ ဆိုလာစနစ်ဖြင့် ဓာတ်အားအချိန်ပြည့် သုံးစွဲနိုင်တော့မည်

ပြည်တွင်း

07/04/19

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ..........

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်

ပြည်တွင်း

07/04/19

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၀၆၁) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တန်ခူး လဆန်း(၁၀)ရက် ဧပြီလ(၁၄)ရက်နေ့မှ တန်ခူးလဆုတ်(၄)ရက် ဧပြီလ(၂၃)ရက်နေ့ အထိ(၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်တက္ကသိုလ်တွင် ထားဝယ်ကောလိပ်ကျောင်းသား/ကျောင်းသူဟောင်းများ၏  မြတ်ဆရာပူဇော်ပွဲ ပထမအကြိမ်ကျင်းပ

ပြည်တွင်း

07/04/19

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ထားဝယ်ကောလိပ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကို ဧပြီလ(၆)ရက် နံနက်(၉)နာရီက တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၀)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

အားကစား

07/04/19

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် Township Sports Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ..................

မြစ်ရေအခြေအနေ

မိုးလေဝသ

07/04/19

နေပြည်တော် ၇ ဧပြီ

ညောင်ဦးမြို့နယ်၌ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများကို လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ပြည်တွင်း

07/04/19

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများကို သက်ရှည် ကျန်းမာစွာ နေထိုင်သွားနိုင်ရန်နှင့် လိုအပ်သော အထောက်အပံ့များ ...........

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ပြည်တွင်း

07/04/19

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ဇေယျာသီရိမြို့နယ်၊ ခရေပင်လမ်းခွဲရှိ ကြေးမုံသတင်းစာတိုက် ဘိုးဝဇီရခန်းမတွင် စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်