Latest News
နောက်ဆုံးရသတင်းများ
ပန်းပိတောက်တွေဝေ
11/04/19
သူလည်းပိတောက် ကိုယ်လည်းပိတောက်နှင့် ပိတောက်ဝါ ဝေသီဖူး ရွှေရည်လူး ရင်ခုန်သံ။ ဝင်းဖန့်ဖန့် အခိုင်ခိုင် သင်းရနံ့ တလှိုင်လှိုင်နဲ့ မြိုင်ဂိမှာန် သူလှုပ်နှိုး မိုးသင်းနံ့ပန်။ နွေအဦး လေရူးရယ် ဟိုဒီမွှေလို့ ရွှေရွက်တို့ ြွေကသက်ပျံ မြေထက်ယံ ရော်ရည်မြန်း။ မြန်မာ့မြေ ပြည်တစ်ခွင်မှာလ အလှနွေ ရေသဘင်ပေါ့ မင်္ဂလာပိတောက်ဖူးတွေလည်း အစဉ်သာ အရောက်ထူးပါခဲ့ လတန်ခူးရယ် ခါတော်ကြိုလို့ ပျော်ရွှင်ချို ဆိုအကတွေနဲ့ ပိတောက်ဝါ နံ့သာသီလို့ရယ် မြန်မာ့နှစ်ဆန်း။ ။ အောင်လံမြေ - နေညိုညို
အပူဒဏ်ကြောင့် သတိလစ်ခြင်းအား အရေးပေါ်ရှေးဦးပြုစုပါ
11/04/19
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
ကသာမြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
11/04/19
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ပင်းမလွတ်ကျေးရွာ သံလမ်းကူးအနီးတွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ တွေ့ဆုံမည်
10/04/19
ဆွေးနွေးပွဲများ စတင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည် ဖော်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး(KNU) သည် ဧပြီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အလွတ်သဘော တွေ့ဆုံကြမည်ဖြစ်သည်။