Latest News
နောက်ဆုံးရသတင်းများ
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ နှစ်သစ်ကူးမဟာသင်္ကြန်ကို ပျော်ရွှင်စွာကြိုဆို
11/04/19
၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကို ကြိုဆိုပွဲနှင့် ဝန်ထမ်းမိသားစုများ စုပေါင်း စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲကို ယနေ့ ညနေ ၄ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။
ထားဝယ်မြို့၌ ညဉ့်အချိန်လူပြတ်သော ရထားလမ်းတွင် ချိန်းတွေ့သောစုံတွဲအား လုယက်မှု ဖြစ်ပွား
11/04/19
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကျန်းမာရေးလမ်း၌ ဧပြီ ၁၀ ရက် ည ၇ နာရီခွဲက လူပြတ်သော ရထားလမ်းတွင် ချိန်းတွေ့သောစုံတွဲအား လုယက်မှုဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရှိရသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ငွေပေးအပ်
11/04/19
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် ၈ နာရီတွင်
၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၂၁၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့
11/04/19
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
11/04/19
စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တမူး၊ ပင်လည်ဘူး၊ ဖောင်းပြင်နှင့် အင်းတော်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
11/04/19
မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် တမူးမြို့နယ်၊ ရန်တိုင်းအောင်ကျေးရွာအထွက်၊ တမူး-ကလေးကားလမ်း၌ ဆွန်ဒါရ် (ခ) မောင်တူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆပ်ပြာခွက် ၁၃ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၄၃ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်အသိပညာပေး အပန်းဖြေစခန်းရှိ သစ်တောပြခန်းအား လေ့လာကြည့်ရှုသူများပြား
11/04/19
လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်အသိပညာပေး အပန်းဖြေစခန်းရှိ သစ်တောပြခန်းသို့ လာရောက်ကြည့်ရှုသူများ များပြားလျက်ရှိကြောင်း
ငါးစိမ်းအိတ်များကို အန္တရာယ်ဖြစ်ဖွယ်တင်ဆောင်လာကြောင်း သိရသဖြင့် တားမြစ်
11/04/19
အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ ထွက်ခွာလာသည့် ယာဉ်အမှတ် 6M/7--- HIGHT CLASS Express ယာဉ်တွင်
နယ်သာလန်နိုင်ငံ 3 OP Reis Dutch Tv Show မှ ရိုက်ကူးရေးအဖွဲ့ဝင် (၄) ဦး မင်းတပ်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ရိုက်ကူးမေးမြန်း
11/04/19
Khiri Travel Myanmar Ltd ၏ စီစဉ်မှုဖြင့် နယ်သာလန်နိုင်ငံ 3 OP Reis Dutch Tv Show မှ ရိုက်ကူးရေးအဖွဲ့ဝင် (၄) ဦးသည် ------------
မင်းတပ်၌ သင်္ကြန်ကာလအတွင်း ရပ်ဝေးသွားရောက်မည့် ခရီးသည်များ များပြား၍ ကားဂိတ်များ၌ ယာဉ်များ ထပ်တိုးပြေးဆွဲ ပေးလျက်ရှိ
11/04/19
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌ သင်္ကြန်ကာလအတွင်း ရပ်ဝေးသွားရောက်မည့် ခရီးသည်များ များပြားမှုကြောင့် ကားဂိတ်များတွင် ----------