Latest News

နောက်ဆုံးရသတင်းများ

ဒုတိယဝန်ကြီး ဦးကျော်လင်း သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော်လမ်း၊ မန္တလေး - လားရှိုး-မူဆယ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

29/04/19

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဧပြီ ၂၇ ရက်တွင် Oriental Highway Co., Ltd မှ တာဝန်ရှိသူများနှင့်အတူ B.O.T စနစ်ဖြင့် Oriental Highway Co., Ltd က တာဝန်ယူဆောင်ရွက်နေသော သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းအား (၂)လမ်းသွား ကတ္တရာကွန်ကရစ်ခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။

မြန်မာနိုင်ငံတွင် လေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံချက် အကောင်အထည်ဖော်ရန် ဆောင်ရွက်မှုအား အတည်ပြုလက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

ပြည်တွင်း

29/04/19

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကျင်းပသည့် မြန်မာနိုင်ငံတွင် လေယာဉ်စောင့်ကြပ်ကြည့်ရှုစနစ် မြှင့်တင်ခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုအား အတည်ပြုလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ)နာရီတွင် ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ(၁)တွင် ကျင်းပသည်။

စာပေဆိုင်ရာလှုပ်ရှားမှုများအတွက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်၏ အစည်းအဝေးခန်းမကို အခမဲ့ငှားရမ်းအသုံးပြုနိုင်

ပြည်တွင်း

29/04/19

စာပေဆိုင်ရာ လှုပ်ရှားမှုများအတွက် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၂၁၂) သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်၏ အစည်းအဝေးခန်းမကို အခမဲ့ ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ - ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Mr. Justin Wood အား လက်ခံတွေ့ဆုံ

ပြည်တွင်း

29/04/19

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ -ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Mr. Justin Wood အား ယနေ့မွန်းလွဲ (၃)နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် အစည်းအဝေး (၁/၂၀၁၉) ကျင်းပ

ပြည်တွင်း

29/04/19

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တိုင်းဒေသကြီးလေးခု၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

မှုခင်း

29/04/19

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အရ

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံ

ပြည်တွင်း

29/04/19

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak နှင့် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကမ္ဘာ့ဘဏ်မှ Lead Economist Mr. Hans Anand Beck နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်တွင်း

29/04/19

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကမ္ဘာ့ဘဏ်မှ Lead Economist, Mr. Hans Anand Beck နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

အဖတ်များဆုံး သတင်း