Latest News
နောက်ဆုံးရသတင်းများ
လာမည့်ရက်များအတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်
29/04/19
နေပြည်တော် ၂၉ ဧပြီ
ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ
29/04/19
ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
အဋ္ဌမတန်း လူရည်ချွန်လူငယ်များ ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိ
29/04/19
၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ ဆရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်အား လေ့လာကာ မဟာမြတ်မုနိဘုရားအား ဖူးမြော်ကြည်ညိုကြပြီး ညနေပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာတိုရှိအိုနီရှိမူရနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
29/04/19
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့၊ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ပူတာအို၌ တိုင်းရင်းသားစာပေသင်တန်းနှင့် နွေရာသီအခြေခံသင်တန်းများဆင်းပွဲ ကျင်းပ
29/04/19
မြန်မာနိုင်အေဂျီ(ဧဝံဂေလိ) အသင်းတော်များ၊ အမှတ်(၂) သာသနာခရိုင်၊ ကောင်ဧမာနွေလအေဂျီ အသင်းတော်ကကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရဝမ်တိုင်းရင်းသားစာပေနှင့် နွေရာသီအခြေခံသင်တန်းများဆင်းပွဲ အခမ်းအနားကို ဧပြီ ၂၉ ရက် နံနက် ၉ နာရီခွဲက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၃) ကောင်ဧမာ နွေအေဂျီအသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ ပုဂံ-ညောင်ဦးမြို့သို့ ဒေသစာရီကြွချီပူဇော်ခံ
29/04/19
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့်
ဇွဲကပင်တောင်တက် ကေဘယ်လ်တက်ဆင်ပြီးစီးပါက တစ်ကြိမ်လျှင် လူ ၅၀ ဦးတင်ဆောင်ပြီး ဇွဲကပင်တောင်ထိပ်ရှိ ဆံတော်ရှင်အား ဖူးမျှော်ရန် အချိန်လေးမိနစ်ခန့်သာ ကြာမြင့်တော့မည်ဖြစ်
29/04/19
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်နှင့် လုမ္မနီဥယျာဉ်တွင် တပ်ဆင်တည်ဆောက်မည့် လူ ၅၀ ဦးစီးနိုင်သော ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်းမှ ကေဘယ်လ်ကရိန်းငယ်နှင့် ဆက်စပ်ပစ္စည်းများကို
ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) မန္တလေးမြို့တွင် ဖွင့်လှစ်မည်
29/04/19
မြန်မာနိုင်ငံ ဂေါက်သီးအားကစား ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် R&A တို့ပူးပေါင်းဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019) မန္တလေးသင်တန်းကို မေ (၁၉) ရက်တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
29/04/19
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
29/04/19
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာကော်မတီဆောင် I- 20 ၌ ကျင်းပသည်။