Latest News

နောက်ဆုံးရသတင်းများ

သန်လျင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လေ့လာ

ယဉ်ကျေးမှုနှင့် ခရီးသွား

01/05/19

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သန်လျင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်၍ ယခင်က ပြည်သူများအသုံးများခဲ့သည့် အနှေးယာဉ် ဆိုက်ကားနှင့် မြင်းလှည်းများအား စိတ်ဝင်စားစွာ လာရောက်စီးနင်းလျက်ရှိကြောင်း သိရသည်။

အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက်  လူမှုဖူလုံရေး အကျိုးခံစားခွင့်ပေးအပ်

ပြည်တွင်း

01/05/19

လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ပေးအပ်ပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရေနံမြေ စုပေါင်းရုံး၌ ကျင်းပသည်။

သထုံမြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် တစ်လမ်းမောင်းစနစ် ကျင့်သုံး

ပြည်တွင်း

01/05/19

မွန်ပြည်နယ် သထုံမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် သထုံမြို့လယ်ခေါင်ရှိ သုဝဏ္ဏဈေးနှင့် မြို့မဈေးဝန်းကျင်၌ တစ်လမ်းမောင်းစနစ် ကျင့်သုံးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားမှာ မန္တလေးမြို့ ရှိအလုပ်သမားများက လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

ပြည်တွင်း

01/05/19

(၁၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားမှာ မန္တလေးမြို့ရှိ အလုပ်သမားများက လုပ်ခလစာကို တစ်နှစ်လျှင် တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးရေးအပါအဝင် အချက်ခြောက်ချက်ကို လမ်းလျှောက်ချီတက် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

သမိုင်းထဲက ရန္တပိုကျေးရွာ၏ အိုးလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် ရန္တပိုကျေးရွာရှိ အိုးလုပ်ငန်းအား ပြည်ပခရီးသွားများ စိတ်ဝင်စားလျက်ရှိ

သတင်း ဆောင်းပါးများ

01/05/19

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် ကပ်လျက်တည်ရှိပြီး မြန်မာရာဇဝင်သမိုင်းတွင် ပထမ မြန်မာ - အင်္ဂလိပ် စစ်ပွဲ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သော သမိုင်းဝင်ကျေးရွာဖြစ်သည်။ ထိုကဲ့သို့ မြန်မာ့ရာဇဝင်သမိုင်းတွင် အထင်ကရ နေရာဖြစ်သော ရန္တပိုကျေးရွာတွင် မြန်မာလူမျိုးများ အသုံးပြုလျက်ရှိကြသည့် သောက်ရေအိုးများကို အဓိကထား၍ လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရပေမည်။

နွေရာသီသောက်သုံးရေ အခက်ကြုံနေသည့် မယ်ဇတောကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

ပြည်တွင်း

01/05/19

ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မယ်ဇတောကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသဖြင့် မြို့နယ်မီးသတ်ဦးဌာနနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက မီးသတ်ကား ရေသယ်ယာဉ်နှစ်စီး၊ လိုက်ထရပ်ကား ခြောက်စီးတို့ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာအမျိုးသမီး ဘောလုံးအသင်း

အားကစား

01/05/19

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (က) နောက်ဆုံးပွဲစဉ်များကို ယမန်နေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပခဲ့ပြီး ဩစတြေးလအသင်းနှင့် မြန်မာအသင်းတို့ အသီးသီးအနိုင်ရရှိခဲ့ကြကာ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

ရခိုင်ပြည်နယ် တောင်ပြိုလက်ယာကျေးရွာရှိ လယ်ကွင်းပြင်များတွင် မီးလောင်မှုဖြစ်ပွား

ပြည်တွင်း

01/05/19

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုလက်ယာ ကျေးရွာအုပ်စုရှိ လယ်မြေများပေါ်၌ ယမန်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

လာမည့်ရက်များအတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်း ရွာနိုင်

မိုးလေဝသ

01/05/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ...............

အဖတ်များဆုံး သတင်း