Latest News

နောက်ဆုံးရသတင်းများ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

04/05/19

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာကြပြီး မြိတ်မြို့သို့ ရောက်ရှိကြသည်။

Myanmar C.P တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ၊ ပြိုင်ပွဲနှင့်ရေကူး လူရွေးချယ်ပြိုင်ပွဲများ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ကြည့်ရှု

ပြည်တွင်း

04/05/19

၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် Myanmar C.P ဖလား(ဇုန်)လိုက် နောက်ဆုံးအဆင့် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပသည်။

၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း အောင်မြင်စွာပိတ်သိမ်း

ပြည်တွင်း

04/05/19

၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ပိတ်သိမ်းပွဲနှင့်  ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးမြက်ခင်းပြင်၌ ကျင်းပသည်။

တောင်ကြီးမြို့၊ လေးလောင်းပြိုင်လူသတ်မှု ပြစ်မှုကျူးလွန်သူထံမှ ရွှေချောင်း(၅)ချောင်း ထပ်မံသိမ်းဆည်းရမိ

မှုခင်း

04/05/19

နေပြည်တော်  ၄ မေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီးမြို့မရဲစခန်း (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ အမှုမှ တရားခံ တင်အုံး(ခ)အိုက်အုံး၏ အစစ်ခံဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ရာမှရရှိသော ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေများကို ပြန်လည်သိမ်းဆည်းရမိကြောင်း သတင်းများတွင် ဖော်ပြထားရှိခဲ့ပြီး ဖြစ်သည်။

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများကို အထောက်အကူပြုစေမည့် မြန်မာ့ခရီးသွားဘဏ် ဖွင့်လှစ်မည်

ပြည်တွင်း

04/05/19

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ခရီးသွားလုပ်ငန်းတွင် ပါဝင်သည့် ခရီးသွားအေဂျင်စီများ၊ ပြည်တွင်းပြည်ပ ခရီးသွားများ၊ ဟိုတယ်လုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများစသည့် ဆက်စပ် အခြေခံ အဆောက်အအုံပိုင်းအတွက်ပါ အထောက်အကူပြုစေမည့် မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) ကို မေ ၆ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှသိရသည်။

ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင်အကွာတွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

မိုးလေဝသ

04/05/19

ယနေ့ ညနေ ၅ နာရီ ၃၄ မိနစ် ဝ၁ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင်(၁၂၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ ခန္တီးမြို့၏ မြောက်ဘက်(၁၄)မိုင် ခန့်အကွာတွင်အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

မုန်တိုင်းငယ် (Deep Depression) သည် မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ (Dhaka) ၏ မြောက်-အနောက်မြောက်ဘက် (၆၅) မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေ

မိုးလေဝသ

04/05/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ပေါ်တွင် ရောက်ရှိနေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ် (Depression) ................

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွင် မနက်ဖြန်နံနက်အထိ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်

မိုးလေဝသ

04/05/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ ၄ ရက် ညနေ ၄ နာရီတွင် အချိန် ထုတ်ပြန်သည့် မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့် ဆက်စပ်လျှက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ ပေါ်တွင် ရောက်ရှိနေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ (Dhaka) ၏ မြောက်-အနောက်မြောက်ဘက်  (၆၅) မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဒေးခင်တောင်ပေါ်ရှိ ဒေးခင်ရွှေစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဆပ်ကပ်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

ပြည်တွင်း

04/05/19

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေးခင်တောင်တန်းပေါ်ရှိ ဒေးခင်ရွှေစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ ဘုံ(၃)ဆင့် ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် စေတီတော်ကို လုံးပတ်တော်ပြုပြင်၍

အဖတ်များဆုံး သတင်း