Latest News

နောက်ဆုံးရသတင်းများ

ရှေ့ဘီး ဘရိတ်ရှူးငြိရာမှ အပူလွန်ကဲ၍ တွဲယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

မှုခင်း

04/05/19

ယနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က မကွေး-တောင်တွင်းကြီး ကားလမ်းရှိ မကွေးတိုးဂိတ်အနီး မိုင်တိုင်အမှတ် (၃၂၄/၅) တွင် ရန်ကုန်မှ မင်းဘူးသို့ ယာဉ်မောင်း ဦးစောဇင်ကို (ဘ) ဦးဝင်းမြင့်၊ (၂၅) နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ကိုထွန်းလင်းပိုင် (ဘ) ဦးသက်ပိုင်၊ (၁၈) နှစ် လိုက်ပါသော 9/ ------(၁၈)ဘီး ကွန်တိန်နာတင် တွဲယာဉ်သည် အချိန်ကြာမြင့်စွာ မောင်းနှင်လာပြီး ရှေ့ဘီးဘရိတ်ရှူး ငြိရာမှ အပူလွန်ကဲ၍  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကျင်းပ

ပြည်တွင်း

04/05/19

၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ လူရည်ချွန်စခန်း (ငွေဆောင်) စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကို ယနေ့ညပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ် သဲသောင်ပြင်၌ ကျင်းပသည်။

တာချီလိတ်မြို့ လေယာဉ်ပြေးလမ်း ပြုပြင်ထိန်းသိမ်းရန်ရှိသဖြင့် လေယာဉ်ခရီးစဉ် အချိန်များ ရွှေ့ဆိုင်း

ပြည်တွင်း

04/05/19

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ လေဆိပ် လေယာဉ်ပြေးလမ်းအား ပြုပြင်ထိန်းသိမ်းရန်ရှိသဖြင့် လေယာဉ်ခရီးစဉ်များ ဆင်းသက်/ထွက်ခွာချိန်အား မေ ၅ ရက်မှ ၁၉ ရက်အထိ နံနက် ၁၀ နာရီနောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမြင့်ထံမှ သိရသညိ။

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် သဲကုန်း- ညောင်အိုင်ပန်းတာသစ် အပြီးသတ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်တွင်း

04/05/19

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဧရာဝတီတိုင်းဒေကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေကျပ် ၉၉၀ ဒသမ ၈၆၈ သန်းဖြင့် တည်ဆောက်နေသည့်  ဧရာဝတီဟင်္သာတတာ ဇလွန်မြို့နယ်အပိုင်း သဲကုန်း-ညောင်အိုင်ပန်းတာသစ် အပြီးသတ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဖတ်များဆုံး သတင်း