Latest News
နောက်ဆုံးရသတင်းများ
Road To SEA GAMES 2019 ESPORTS ဂိမ်းပြိုင်ပွဲကျင်းပမည်
10/05/19
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် SEA GAMES 2019 Exports ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရန် ပြည်တွင်းရှိ ကစားသမားများကို Road To SEA GAMES 2019 ESPORTS ပြိုင်ပွဲကျင်းပပြီးလက်ရွေးစင်အဖြစ် အဆင့်ဆင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစား အဖွဲ့ချုပ် MESF မှ သိရသည်။
နမ့်ခမ်းမြို့နယ်တွင် ဓာတ်ဆီ၊ ဒီဇယ် ဆီလှောင်ကန်မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား
10/05/19
မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဝိန်းဆာရပ်ရှိ ဦးညိုမောင်(ခ)ဦးမောင်ညီ၏ ဓာတ်ဆီ၊ ဒီဇယ်သိုလှောင်ဂိုဒေါင်မှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် မီးလောင်မှု စတင်ဖြစ်ပွားကြောင်း သိရသည်။
Yangon Investment Forum 2019 ကျင်းပပြုလုပ်
10/05/19
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ကမကထဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ Myanmar Investors Development Association(MIDA)နှင့် Pricewaterhouse Coopers Co.Ltd တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် Yangon Investment Forum 2019 ကို Lotte Hotel Yangon ၌ မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။
ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိ
10/05/19
နေပြည်တော် ၁၀ မေ
ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်တစ်ဦးကို ယနေ့ နံနက်ပိုင်းက ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားတက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိ
10/05/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသို့ တရားဝင် အလုပ်သဘောခရီး သွားရောက်ရန်နှင့် (၁၆)ကြိမ်မြောက် ကုလ သမဂ္ဂဗုဒ္ဓနေ့ အခမ်းအနား တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း တီမောကို ၂၆ ဂိုးသွင်း
10/05/19
၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က) ပထမနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ ၌ ကျင်းပရာ မြန်မာအသင်းက တီမောအသင်းကို ၂၆ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
သထုံတွင် အပူရှိန်ပြင်းထန်သဖြင့် ကွမ်းရွက် အထွက်နှုန်း ထက်ဝက်ခန့်ကျဆင်း
10/05/19
ယခုနှစ် နွေရာသီနှောင်းပိုင်းကာလ၌ အပူရှိန်ပြင်းသောကြောင့် ကွမ်းရွက်အထွက်နှုန်း ထက်ဝက်ခန့် လျော့ကျခဲ့ရာ ကွမ်းစိုက်ပျိုးသူများ အခက်တွေ့ကြရကြောင်း မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ဒေသခံ ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် နေ့စားလပေး တိုင်းရင်းသားဆရာ/ဆရာမ (Teaching Assistant)နှင့် (Language Teracher) များကို စိစစ်အဆိုပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
10/05/19
တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ(Teaching Assistant)နှင့် (Language Teracher)များ ခန့်အပ်နိုင်ရေး လျှောက်လွှာများအား စိစစ်အဆိုပြုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်သည်။
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း PRIME Farms Myanmar Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ
10/05/19
နေပြည်တော် ၁၀ မေ
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် PRIME Farms Myanmar Co.,Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။