လာအိုနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ မတွေ့ရသည်မှာ ၃၆ ရက်ရှိပြီဖြစ်

ဗီယန်ကျင်း   ၁၉  မေ

လာအိုနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူမတွေ့ရသည်မှာ ၃၆ ရက်ဆက်တိုက် ရှိလာပြီဖြစ်ပြီး ကူးစက်ခံရသူ ဦးရေမှာ ၁၉ ဦးတွင်သာ ရပ်တန့်နေခဲ့သည်ဟု လာအိုကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖိုသွန်မြောင်ပတ်က မေ ၁၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း စောင့်ကြည့်ရေးစင်တာ ၉၁ ခုတွင် စောင့်ကြည့်ခံထားရသူ ၂၅၆၀ ထိရှိကြောင်း ကိုဗစ် -၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအမျိုးသား လုပ်ငန်းအဖွဲ့က မေ ၁၈ ရက်တွင် ပြောသည်။ မေ ၁၇ ရက်ကလည်း ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လာအိုနိုင်ငံသို့ ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားသမားများကို အပူချိန်တိုင်းတာပြီးမှ လာအိုနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။

ဆင်ဟွာ