ကျိုင်းတုံ နိုဝင်ဘာ ၁၄

 

လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၀၉ ဦးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ နိုဝင်ဘာ ၁၃ ရက်က ညနေ ၄ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး  တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆာင်ပေးခဲ့ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သားများအား တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ ဝမ်လုံး Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိကာ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထမင်းဘူး၊ ရေသန့်ဘူးများ ထောက်ပံ့ပေးကြောင်းနှင့် နေရပ်ဒေသအသီးသီး အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးပြီး တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)