ကပ်ရောဂါပိုးကြောင့် ကလေးသူငယ် ၈၆ သန်းကျော် ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း လေ့လာတွေ့ရှိ

၂၉ မေ

 

ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ ဆိုးကျိုး သက်ရောက်နိုင်တဲ့အတွက် ကလေးငယ် ၈၆ သန်း ကျော် ဟာ ၂၀၂၀ ခုနှစ် အကုန်မှာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း Save the Children နဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) တို့ရဲ့ ပူးတွဲလေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ပူးတွဲလေ့လာချက်မှာ ဖော်ပြထားတဲ့ အရေအတွက်ကနေ ကမ္ဘာ့ကလေးငယ်စုစုပေါင်း ၆၇၂ သန်း အထိ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရာနိုင်ကြောင်း၊ အခုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း  သိရပါတယ်။

 

ဆင်းရဲမွဲတေမှု ရင်ဆိုင်ရမယ့် ကလေးငယ် သုံးပုံနှစ်ပုံနီးပါးဟာ အာဖရိကနဲ့ တောင်အရှနိုင်ငံများမှဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ကပ်ရောဂါကြောင့် ဉရောပနဲ့ အာရှ အလယ်ပိုင်းနိုင်ငံတွေက ကလေးငယ်တွေ တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ နိုင်ငံပေါင်း ၁၀၀ ရဲ့ လူဉီးရေ မှတ်တမ်းများ အပေါ် အခြေခံပြီး အခုလေ့လာချက်ကို ထုတ်ပြန်တာလို့ သိရပါတယ်။

 

ကလေးငယ်တွေဟာ အငတ်ဘေးကို အချိန်တိုသာ ရင်ဆိုင်ကြမှာဖြစ်ပေမယ့် အဲဒီကနေ အာဟာရချို့တဲ့မှုကတော့ တစ်ဘဝလုံးစာလိုဖြစ်သွားနိုင်တဲ့အတွက် အစိုးရတွေက လူမှုရေးဆိုင်ရာ လုံခြုံရေးပုံစံတွေနဲ့ ကျောင်းတွေမှာ အဟာရကျွေးမွေးခြင်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့  ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

 

MDN
ကိုးကား - AFP