ကပ်ရောဂါကြောင့် သေဆုံးမှုတွေ ကျဆင်းသွားတဲ့ စပိန်နိုင်ငံမှာ စက်ရုံတွေပြန်လည် လည်ပတ်ရန် အသင့်ဖြစ်နေ

၁၃ ဧပြီ

 

ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါကြောင့် သေဆုံးမှု အများဆုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက် ကျဆင်းလာတာကို တွေ့ရပါတယ်။ အဲဒီလို သေဆုံးသူအရေအတွက် ကျဆင်းသွားတဲ့ နိုင်ငံတွေထဲမှာ စပိန်နိုင်ငံလည်းအပါအဝင်ဖြစ်ရာ ဒီနေ့(တနင်္လာနေ့)မှာ စက်ရုံအချို့နဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ လုပ်ငန်းခွင့် ပြန်ဝင်ကြမှာ ဖြစ်ပါတယ်။ စပိန်ရဲတွေက မျက်နှာဖုံးတွေကို ဘူတာရုံတွေမှာ ဝေငှာတာမျိုးတွေ လုပ်ဆောင်နေပါတယ်။

 

အီတလီ၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံတွေမှာ ကပ်ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူဟာ အရေအတွက်ဟာ ကျဆင်းခဲ့ပါတယ်။ ဉရောပနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒဏ်အခံရဆုံးဖြစ်တဲ့ အီတလီနိုင်ငံမှာ သီတင်းသုံးပတ်အတွင်း သေဆုံးမှု အနည်းဆုံးဖြစ်သွားကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ အနည်းဆုံး ၁၁၂,၅၀၀ ဦး ရှိသွားပြီး ကမ္ဘာတဝန်းက ကျန်းမာရေးစောင့်ရှောက်မှုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေခဲ့ခြင်းနဲ့ စီပွားရေးကို ယိမ်းယိုင် စေခဲ့တာကို တွေ့ရပါတယ်။

 

စပိန်နိုင်ငံက သေဆုံးမှုဟာ အခုရက်ပိုင်းအတွင်းမှာ ကျဆင်းနေပေမယ့် မနေ့ကတော့ သေဆုံးမှု ပိုခဲ့တာကို တွေ့ရပါတယ်။ စပိန်ဝန်ကြီးချုပ်က လူထုက လမ်းတွေပေါ် ပြန်ထွက်ချင်နေကြပြီ။ အားလုံးရဲ့ ဆန္ဒက အခုစစ်ပွဲမှာ လုံးဝအနိုင်ရရေးဖြစ်တယ်။ အရင်အခြေအနေကို ကာကွယ်မယ်လို့ သီတင်းနှစ်ပတ် ပိတ်ထားတဲ့ လုပ်ငန်းတွေက ပြန်လည် လည်ပတ်ဖို့ အသင့်ဖြစ်နေချိန်မှာ ပြောကြားလိုက်ပါတယ်။

 

ဗြိတိန်နိုင်ငံမှာ မနေ့က လူပေါင်း ၇၃၇ ဦးသေဆုံးခဲ့ပြီးနောက် သေဆုံးစုစုပေါင်း ၁၀,၆၁၂ ဦး ရှိသွားရှိပြီဖြစ်ကြောင်း သိရပါတယ်။ အီတလီနိုင်ငံမှာ ၁၉,၈၉၉ဦး၊ စပိန်နိုင်ငံမှာ ၁၇,၂၀၉ ဉီး၊ ပြင်သစ်နိုင်ငံမှာ ၁၄,၃၉၃ဦး နဲ့ ဂျမနီနိုင်ငံမှာ ၃,၀၂၂ ဦး သေဆုံးကြောင်း ဧပြီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP