ကန်ကြီးထောင့်မြို့နယ်၌ လူငယ်နှင့် လူကုန်ကူးမှု အန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်

ကန်ကြီးထောင့်   ၂၆   ဩဂုတ်  


ကျောင်းသား ကျောင်းသူလေးများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်နှင့် အသိပညာ ဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ကာ "လူငယ်နှင့် လူကုန်ကူးမှု အန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဒါးက(အထက)ကျောင်းခန်းမ၌ ဩဂုတ် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


ပြည်သူ့စကားဝိုင်း(Public Talk)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အေးကျော်၊ မြို့နယ်စီမံကိန်းရေးစွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဆွေ၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်မိုးတို့က လူကုန်ကူးမှု အန္တရာယ်နှင့် ပက်သက်သော သိကောင်းစရာ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုပါ ပြည်သူ့စကားဝိုင်းသို့ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။


နန်းထိုက် (KGD)