ကြံခင်း  ၃  မတ်  

 

မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ကြံခင်းမြို့ရှိ မီးရထားဝန်ထမ်းအိမ်ရာတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

250

 

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက  မီးရထား ဝန်ထမ်းအိမ်ရာတွင် မီးသုံးစွဲမှုများ၊ လျှပ်စစ်မီးဖို အသုံးပြုရာတွင် မိန်းခုံများ ဝါယာကြိုးပေါက်ပြဲမှုရှိ မရှိ၊  ဝါယာရှော့ခ် မဖြစ်စေရေး လိုင်းကြိုးများ စစ်ဆေးခြင်း၊ မီးချိတ်မီးကတ်၊ ရေအိတ်သဲအိတ် ထားရှိမှုများ၊ မီးသတ်ဆေးဘူးထားရှိမှု ရှိ မရှိတို့ကို စစ်ဆေးခဲ့သည်။

 

3..

 

ထို့နောက် ဝန်ထမ်းအိမ်ယာတွင် နေထိုင်ကြသော မိသားစုများအား မိမိပတ်ဝန်းကျင်အိမ်ဝန်းများ သန့်ရှင်းမှုရှိရေး၊ မီးဘေးအန္တရာယ် လုံခြုံကာကွယ်ရေး၊ မီးဘေးအန္တရာယ် ရုတ်တရက်ကြုံတွေ့လာပါက မီးသတ်ဆေးဘူး၊ ရေစိုအဝတ်များ အသုံးပြုဆောင်ရွက်ခြင်းများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

 

မိုးမိုး (ပြန်/ဆက်)

 

52