ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်မီတာနှင့် mask များလှူဒါန်း

ကွမ်းလုံ   အောက်တိုဘာ  ၂၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်ကြက်ခြေနီ အသင်းခွဲအတွက် အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်မီတာနှင့် နှာခေါင်းစည်း(mask)များကို ရွှေတြိဂံဆင်ညီနောင်ကုမ္ပဏီနှင့် လင်ချန်းယုံရှန်း ကုမ္ပဏီတို့က ယမန်နေ့ မွန်းလွဲ ၁ နာရီတွင်  ရွှေကူဝါးကျေးရွာရှိ ရွှေတြိဂံဆင်ညီနောင်ကုမ္ပဏီတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ကွမ်းလုံမြို့နယ်အတွက် အောက်ဆီဂျင်အခက်အခဲရှိနေသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ  ဝေဒနာရှင်များ အသုံးပြုနိုင်ရန်အတွက် ချင်းရွှေဟော်မြို့ရှိ ရွှေတြိဂံဆင်ညီနောက်ကုမ္ပဏီနှင့် လင်ချန်းယုံရှန်းကုမ္ပဏီတို့မှ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး (၂၀)၊ အောက်ဆီဂျင်မီတာ (လေပိုက်ပါ)အစုံ (၂၀)နှင့် mask (၁၀)ဖာတို့ကို ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲသို့လည်းကောင်း၊ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး  အလုံး(၂၀)၊ အောက်ဆီဂျင်မီတာ (လေပိုက်ပါ)အစုံ (၂၀)တို့ကို မြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစောသန်းလွင်နှင့် တပ်ဖွဲ့မှူး ဦးမိုးသူတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

ဖြိုးမမ(ကွမ်းလုံ)