ကမ္ဘာတဝန်းရှိ သေဆုံးမှု ၅ မှု မှာ ၁ မှု က ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာစားသုံးခြင်း နှင့်ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိ

၈ ဧပြီ

 

ကမ္ဘာမှာ သေဆုံးမှု ၅ မှု မှာ ၁ မှု က ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ စားသုံးခြင်းကြောင့် သေဆုံးကြောင်း၊ သကြား၊ ဆား နဲ့ အသားတွေ လိုအပ်တာထက်ပိုစားသုံးတဲ့အတွက် သန်းချီတဲ့လူတွေ နှစ်စဉ်သေဆုံးကြောင်း ပညာရှင်တွေက ဧပြီ ၄ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

1

 

ကမ္ဘာတစ်ဝန်းမှာ လူဦးရေ တစ်ဘီလီယံနီးပါးဟာ အစာအဟာရဓါတ် ချို့တဲ့နေပေမယ့် နှစ်ဘီလီယံနီးပါး ကတော့ အစာအဟာရ လိုအပ်တာထက်ပိုနေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

 

2

 

သုတေသနအတွက် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိ လူများရဲ့ စားသောက်ပုံကို လေ့လာရာ ကျန်းမာရေးညီညွှတ်တဲ့ အစားအစာစားသုံးခြင်းထက် မှားယွင်းတဲ့ ပုံစံရှိတဲ့ အစားအစာတွေကို စားသုံးနေပါတယ်။ ဥပအားဖြင့် သတ်မှတ်ထားတဲ့ သကြားအချိုပမဏာထက် ၁၀ ဆလောက်များနေတဲ့ သကြားဓါတ်ပါတဲ့ အချိုရည်သောက်ခြင်း ဖြစ်သည်။

 

၁၉၉၀ -၂၀၁၇ အထိ လူတွေရဲ့ အစားအသောက်နဲ့ ရောဂါလက္ခဏတွေကို လေ့လာရာ လူအများစုဟာ ကျန်းမာရေးညီညွှတ်စေတဲ့ အစေ့၊အဆံ၊သစ်သီးသစ်နှံများ စားသုံးခြင်း လျှော့နည်းတာကို တွေ့ရပါတယ်။

 

ကျန်းမာရေးနဲ့ မညီတဲ့အစာအစားစာသုံးခြင်းကြောင့် အဝလွန်ခြင်းဖြစ်ပွားစေသလို အဝလွန်ခြင်းကို ပိုပြီးအဝလွန်စေတာမျိုးကြောင့် လူပေါင်း ၁၁ သန်း သေဆုံးကြောင်း သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။

 

ကျန်းမာရေးညီညွှတ်တဲ့အစားအစာ စားသောက်ရေးအတွက် နိုင်ငံတော်တော်များများမှာ  စီးပွားရေး၊ ဝင်ငွေနဲ့လည်း ဆက်နွယ်နေဆိုတာ သတိပြုမိကြောင်း ဒါပေမယ့် တစ်နေ့လျှင် သစ်သီးနှင့် အသီးအရွက် ၅ မျိုး စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။

 

MDN

ကိုးကား - AFP