နေပြည်တော် ၁၉ နိုဝင်ဘာ 

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သန့်စင်မေတ္တာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပသည်။

အခမ်းအနားသို့ သန့်စင်မေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်နာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် ၎င်းတို့၏ဇနီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း၏ဇနီး၊ အမျိုသားလွှတ်တော်အစိုးရ မဟုတ်သောပြည်တွင်း ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊  လွှတ်တော် ကိုယ်စားလှယ်များ၊ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆုရကျောင်းသားကျောင်းသူများ၊  သန့်စင်မေတ္တာအဖွဲ့ဝင်များ၊ ရင်ခွင်မဲ့ကလေး သူငယ်များလျော့ချရေးနှင့် ကာကွယ်ရေးအသင်းဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “သန့်စင်တဲ့ မေတ္တာ” တေးသီချင်းဗီဒီယိုပြသ၍ အခမ်းအနားကိုဖွင့်လှစ်သည်။

 

d1


ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေးတို့က အမှာစကားများ ပြောကြားကြသည်။

 

d2


ယင်းနောက် ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ်ပြိုင်ပွဲဝင် ဗီဒီယိုများကို ပြသပြီး ကမ္ဘာရေအိမ်များနေ့ အထိမ်းမှတ်တေးသီချင်းပြိုင်ပွဲ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများက ပြိုင်ပွဲဝင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် သန့်စင်မေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်နာယက ဒေါက်တာရွှေလွှမ်းက ကမ္ဘာ့ရေအိမ်များနေ့ သီချင်းဆိုပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်တွင် ဒုတိယ ဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်တွင် တတိယဆုရရှိကြသူများကို လည်းကောင်း၊ သန့်စင်မေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးနေအုပ်က နည်းပညာကျောင်းများနှင် တက္ကသိုလ်အဆင့်တွင် အထူးဆုရရှိကြသူများကို လည်းကောင်း၊ သန့်စင်မေတ္တာအဖွဲ့နာယက  Mrs. Hisayo- Yoshida က အများနှစ်သက်မှုဆု ရရှိကြသူများကိုလည်းကောင်း  ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

d3


ယင်းနောက် ဒုတိယသမ္မတ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

သတင်းစဉ်