ကလေး  ၂၈   စက်တင်ဘာ    


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၈ ရက်နေ့က ကလေးမြို့ ထောက်ကြန့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

 

ေ

 


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မြို့နယ် ဦးစီးမှူးဒေါက်တာမှိန်းထန်ဇီးက ခွေးရူးရောဂါအကြောင်းသိကောင်းစရာများနှင့် ကာကွယ်ရမည့် နည်းလမ်းများ၊ တိရစ္ဆာန်မှတဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ တိရိစ္ဆာန်နှင့် လူတို့အကြားရောဂါကူးစက်မှုမခံရအောင်သတိထားလိုက်နာရမည့်အချက်များ၊ အိမ်မွေးတိရစ္ဆာန်များ (ခွေး၊ ကြောင်) များကို ခွေးရူးရောဂါ မကူးစက်နိုင်အောင် ကာကွယ်မှုနည်းလမ်းများကို အသိပညာပေးပြောကြားခဲ့သည်။


ဆက်လက်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်များက ကျေးရွာအတွင်းရှိ မွေးမြူထားသော ခွေးအကောင်ရေ (၃၀) ကို ခွေးရူးရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်မှုအနေဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးများကို ထိုးပေးခဲ့ကြကြောင်း သိရသည်။


သျှင်နေမင်း (ဂန့်ဂေါ)