ကလီယိုပက်ထရာ ရုပ်ရှင်ကားတွင် ဂဲလ်ဂါဒေါ့ ပါဝင်သရုပ်ဆောင်မည်

၁၄  အောက်တိုဘာ

နိုင်းမြစ်ရဲ့ ဘုရင်မအဖြစ် ရုပ်ရှင်မင်းသမီး ဂဲလ်ဂါဒေါ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ကလီယိုပက်ထရာအဖြစ် ပါဝင်သရုပ်ဆောင်မယ့်အကြောင်းကို ဂါဒေါ့ကိုယ်တိုင် တွစ်တာကနေ ကြေညာခဲ့ပါတယ်။ ဒါရိုက်တာ ပတ်တီဂျန်ကင် ရိုက်ကူးမယ့်ဇာတ်ကားမှာ အီဂျစ်ဘုရင်မအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး သူတစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ပုံရိပ်မျိုးနဲ့သရုပ်ဆောင် သွားမှာပဲဖြစ်တယ်လို့ ဂါဒေါ့က ပြောပါတယ်။

ဂဲလ်ဂါဒေါ့နဲ့ ဒါရိုက်တာ ပတ်တီဂျန်ကင်တို့ဟာ အရင်တုန်းကလည်း အတူ တွဲဖက် အလုပ်လုပ်ကိုင်ခဲ့ကြဖူးပါတယ်။ ပတ်တီဂျန်ကင်ဟာ Wonder Woman နဲ့ Wonder Woman 1984 ရုပ်ရှင်ကားတွေကိုလည်း ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ Wonder Woman 1984 မှာတော့ ဂါဒေါ့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခု ကလီယိုပက်ထရာ ရုပ်ရှင်ကို ပါရာမောင့် ရုပ်ရှင်ထုတ်လုပ်ရေး ကနေ ဖြန့်ချိသွားမှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ လာတာကယ်လိုဂရစ်တီက ရေးသားမှာပါ။

၁၉၆၃ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ကလီယိုပတ်ထရာ ရုပ်ရှင်ကားမှာတော့ နာမည်ကြီးမင်းသမီး တစ်လက်ဖြစ်တဲ့ အဲလစ်ဇဘတ်တေလာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားဟာ အော်စကာဆုလေးဆုရရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။

စကိုင်းနယူးစ်