ကော့သောင်း၊ ၁၃  ဇန်နဝါရီ

 

ကော့သာင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းကာ ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့  ရွှေင်္ဟသာရပ်ကွက် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် ကော့သောင်းခရိုင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးအောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် အစီအမံများ၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ သတိပြုသင့်သည်များနှင့်  ရင်ခွင်မဲ့ ကလေးငယ်များနှင့် တစ်ကိုယ်ရေ မိခင်များလျှော့ချနိုင်ရေး ရပ်ကွက်ပြည်သူများ ပါဝင်ဆောင်ရွက်သင့်သည်များကို အသိပညာပေးဟောပြောသည်။

 

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ကလေးသူငယ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်သိပိုင်ခွင့်ဆိုင်ရာများ၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာသုံးစွဲမှုနှင့်စပ်လျဉ်းကာ သတင်းအမှားများနှင့် အမုန်းစကားမပြန့်ပွားရေး၊ သိသင့်သိထိုက်သည့် သတင်းအမှန်များသိရှိရယူနိုင်သည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)

 

mdn