ကလေးမြို့တောင်သူများအတွက် ဈေးကွက်ဝင်စပါးများဖြစ်လာစေရေး စပါးအခြောက်ခံစက်ဖြင့် ဆောင်ရွက် ပေးနေ

ကလေး    ၃၁    ဒီဇင်ဘာ   

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်သူများအတွက် ဈေးကွက်ဝင်စပါးများ ရောင်းချနိုင် စေရေးနှင့် စားသုံးသူတို့ အဆင့်အတန်းမီစွာ စားသုံးနိုင်စေရေးရည်ရွယ်ကာ စပါးအခြောက်ခံစက်ကို ကလေးမြို့ စက်မှုလယ်ယာရုံးဝိုင်းအတွင်း တစ်နေ့လျှင် စပါးတင်း ၄၀ဝ အခြောက်ခံပေးနိုင်သည့် စပါး အခြောက်ခံစက်ကို ဒီဇင်ဘာ ၃၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

 

024

 

 “စစ်ကိုင်းတိုင်းအတွင်းမှာ စပါးအခြောက်ခံစက် ငါးလုံးရှိပါတယ်။ စပါးအခြောက်ခံစက်ခြင်းမတူပါဘူး။ အပူပေးတဲ့ စနစ်တွေကွာပါတယ်။ ကလေးမြို့နယ်အတွက်ရရှိတဲ့ စပါးအခြောက်ခံစက်က ဒီဇယ်နဲ့ အပူပေးတဲ့ စနစ်ပါ။ သူ့ရဲ့အပူချိန် ၆၀ အထိကို ချိန်ထားပြီးတော့ ကိုယ်လိုချင်တဲ့ အမှတ်မရောက်မချင်း အပူပေးတာပါ။ အချိန်ကတော့ ၁၃ နာရီ လောက်ကြာပါတယ်။ စပါးတင်း ၄၀ဝ ကို အပူပေးတဲ့အခါမှာ ဒီဇယ်ဆီက ၂၃ ဂါလန် လောက် ကုန်ပါတယ်။ မီတာယူနစ်က ၆၃ ယူနစ်ခန့် ကုန်ပါတယ် ဟု ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင် ဦးစီးမှုး ဦးလှဌေး က ပြောသည်။

 

068

 

စပါးအခြောက်ခံစက် အသုံးပြုပုံပညာပေးကာလတွင် တောင်သူများဆီမှ အခကြေးငွေ ကုန်ကျမှု မရှိစေဘဲ ပညာပေးကာလပြီးဆုံးပြီး၍ လုပ်ငန်းများ အမှန်တကယ်လည်ပတ်သည့်အချိန်တွင် ကုန်ကျသည့် ဒီဇယ်ဆီဖိုးနှင့် စပါးပိုင်ရှင်တို့၏ လုပ်အားဖြင့် လာလုပ်နိုင်ပြီး စက်ဖိုးအခမဲ့စနစ်ဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ စပါးအခြောက်ခံစက် စတင်လည်ပတ်ခြင်း အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူ နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တောင်သူများ တက်ရောက်ကာ ဖွင့်လှစ် ပေးခဲ့ကြကြောင်း သိရသည် ။

 

သျှင်နေမင်း (ဂန့်ဂေါ)