ကလေးမြို့၏ အနောက်မြောက်ဘက်(၁၅)မိုင်ခန့်အကွာတွင် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

၁၉ ဧပြီ

 

ယနေ့ ညနေ ၆ နာရီ ၅၆ မိနစ်က ကလေးမြို့၏ အနောက်မြောက်ဘက် (၁၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၃.၃၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၃)ဒီဂရီ၊ အနက် (၂၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

 

MDN