ကလေးစာပေပွဲတော်(ဝါးခယ်မ) ဒုတိယနေ့တွင် ပွဲတော်လာရောက်ဆင်နွှဲကြသူများဖြင့် စည်ကားနေ

ဝါးခယ်မ ၁၉ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (ဝါးခယ်မ) ဒုတိယနေ့ဖြစ်သည့် ယနေ့တွင် ပွဲတော်လာရောက် ဆင်နွှဲကြသူများဖြင့် စည်ကား နေကြောင်း သိရသည်။

 

5

 

ပွဲတော်သို့ လာရောက်ဆင်နွှဲကြသော ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများက လူဝင် အရုပ်ကြီးများ၊ အ.ထ.က(၁)ကျောင်းသား/ကျောင်းသူများ၏ လက်မှုပညာအရုပ်ကြီးများကို စိတ်ဝင်စား ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနေကြကြောင်းနှင့် ပွဲတော်လာရောက် ဆင်နွှဲသူများအား ဝါးခယ်မမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က မုန့်များ ဝေငှပေးနေကြောင်းလည်း သိရသည်။

 

8

 

သတင်းနှင့်ဓာတ်ပုံ- အောင်မင်း၊ လွှမ်းသီဟ၊ ချစ်သက်လယ်၊ နန်းထိုက်

 

9