ကလေးစာပေပွဲတော် (ဝါးခယ်မ) ဒုတိယနေ့ ပွဲတော်လာ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများဖြင့် စည်ကားလျက်ရှိ

ဝါးခယ်မ  ၁၉  ဒီဇင်ဘာ

 

ကလေးစာပေပွဲတော် (ဝါးခယ်မ)ကို ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ပွဲတော်လာ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် စာအုပ်စာပေ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

 

ာိည

 

ကလေးစာပေပွဲတော်(ဝါးခယ်မ)ကို ဒီဇင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပလျက်ရှိပြီး ပြခန်းများ၊ ဖျော်ဖြေပွဲများ၊ ပန်းချီ၊ အရုပ်ဆက်၊ စကားပုံဆက်နှင့် အားကစားပြိုင်ပွဲများ ပါဝင်ပြီး ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက် ရှိသည်။

 

mdn

 

"ကျွန်တော်နဲ့အတူ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ စုပြီးလာတာပါ။ ပြခန်းတွေ၊ ပြိုင်ပွဲတွေကို လိုက်ကြည့်ဖြစ်တယ်။ စာအုပ်ဆိုင်တွေလည်း လေ့လာဝယ်ယူဖြစ်ပါ တယ်။ ဒီလိုပွဲတော် တွေက ကျွန်တော်တို့လို့ ကျောင်းသားတွေအတွက် အထောက်အကူဖြစ်ပြီး လိုအပ်တဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်ဟု ကလေးစာပေပွဲတော် လာရောက်သည့် မောင်ရှိုင်းသူရမောင်မောင်က ပြောသည်။

 

.]mdn

 

ပြခန်းများတွင် ကြက်ခြေနီပြခန်းတွင် ရှေးဦးပြုစုခြင်းဖြင့် လူ့အသက်ကယ်တင်နိုင်သည့် နည်းလမ်းများနှင့် အခြားသိကောင်း စရာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လေ့လာသူများအား ရှင်းလင်း ပြောကြားပေးလျက်ရှိပြီး လေ့လာသူများက နှစ်သက်သဘောကျလျက်ရှိကြောင်း သိရသည်။

 

mdn

 

သတင်း/ဓာတ်ပုံ - အောင်မင်း၊ လွှမ်းသီဟ၊ ချစ်သက်လယ်၊ နန်းထိုက်၊