ကလောမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကလော   ဒီဇင်ဘာ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်() (ဟဲဟိုးချိုင့်ဝှမ်းစီမံကိန်းကွင်း)၊ ဦးပိုင်အမှတ်(၉၅)၊ ဧရိယာ(၁ ဒသမ ၉၅) ဧကရှိ တောင်သူ ဦးတင်ဝင်း၏ မိုးစပါး(လယ်) နံ့သာမွှေး(Basmati) စပါးမျိုးအား နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စပါးရိုက်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့သည်။

 

အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး၊ ကလောမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဝါးရုံပင်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ပူးပေါင်း၍  စံကွက်အရွယ်အစား (.၁၀) (၆၆ x ၆၆)ပေအား စပါးရတ်သိမ်း ချွေလှေ့စက်ဖြင့် လည်းကောင်း၊ စံကွက်အရွယ်အစား (.၀၀၁)(.x .)ပေ စံကွက်ငယ် သုံးကွက်တို့အား ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (၅၉.၆၇) တင်း (ကောင်းအဆင့်အတန်း) ထွက်ရှိကြောင်း သိရသည်။

 

ကလောမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် မိုးစပါး ၃၃၃၈၅ ဧက စိုက်ပျိုးခဲ့ပြီး ဈေးကွက်ရှိသော နံ့သာမွှေး (Basmati) စပါး ၉၅ ဧကကို စိုက်ပျိုးထားကြောင်း သိရှိရသည်။


ကျော်ဝင်း(ပြန်/ဆက်)