ကြက်မောက်တောင် ဆည်ရေသောက်ဒေသ၌ မိုးစပါးခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း   အောက်တိုဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင် ဆည်ရေသောက်ဒေသများတွင် မိုးစပါးများကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးပြီး စပါးများလည်း အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အညာဒေသဖြစ်သည့် ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု မှန်ကန်ပြီး၊ ဆည်ရေ ရောက်ဝင်ရောက်မှုလည်း ကောင်းမွန်သဖြင့် မိုးစပါးအပြင် နွေစပါးကိုပါ အောင်မြင်ဖြစ်ထွန်းအောင် ရေပေးဝေနိုင်မည့်အခြေအနေရှိကြောင်းနှင့် ယခုနှစ် မိုးစပါးများလည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း မကျီးတိုင်းကျေးရွာမှ စပါးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရန် ဧက ၁၆၄၅၂ ဧက လျာထားခဲ့သော်လည်း လက်ရှိ မြေပြင်တွင် ဧက ၁၆၄၆၁ ဧက စိုက်ပျိုးခဲ့ရာ လျာထားချက်ထက် ၉ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)