ကချင်ပြည်နယ် ရေတို/ရေရှည်စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

mdn

မြစ်ကြီးနား        စက်တင်ဘာ        ၁၉

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည် စီးပွားရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “ကချင်ပြည်နယ်၏ စီးပွား ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုကာလနှင့် ရေရှည်ကာလအတွက် အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍  မိမိတို့အားလုံးက ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လတ်တလော ရေတိုကာလအတွက် ထိရောက်အောင်မြင်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေရေး၊ ပြည်နယ်၏ ရေရှည် စီးပွားရေးအတွက် ခိုင်မာတောင့်တင်းသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေရေးကိုလည်း မိမိတို့အားလုံးက ညှိနှိုင်းဆွေးနွေး၍ အကောင်အထည်ဖောင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း” မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုး ရေး ထွက်ကုန်များနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ငန်းများ၊ ဒေသတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ရေတို/ ရေရှည်အတွက် ဆောင်ရွက်သင့်သည့် စီးပွားရေး လုပ်ငန်းများနှင့် တက်ရောက်လာကြသည့် ပြည်နယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များက ပြည်နယ်၏ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံ ထားရှိမှုအခြေအနေများ၊ ဘိလပ်မြေစက်ရုံနှင့် စီးပွားရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကျောက်မျက်လုပ်ငန်းများ အခြေအနေများနှင့် ပတ်သက်၍ ဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်သွား နိုင်သည့် နည်းလမ်းများကို အကြံပြုဆွေးနွေးကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)