ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆန်အိတ် ၂၀၀ ပေးအပ်လှူဒါန်း

မြစ်ကြီးနား  ၁၈  ဒီဇင်ဘာ

ကချင်ပြည်နယ်အတွင်း IDPs စခန်းများ၊ သဘာဝဘေးသင့် ဒေသများနှင့် အခြားခက်ခဲသော ဒေသများအတွက် ထောက်ပံ့ပေးအပ်နိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ မဟာရွှေဇဗ္ဗူ ကုမ္ပဏီလီမိတက်မှ ဆန်အိတ် ၂၀၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

 

dsc4068

 

အခမ်းအနားတွင် မဟာရွှေဇဗ္ဗူကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ထွန်းအောင်က ဆန်အိတ်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လိုအပ်ချက်ရှိသည့် နေရာ၊ ဒေသများတွင် ထောက်ပံ့ပေးအပ်နိုင်ရေး လှူဒါန်းပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ဆန်အိတ် ၂၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ မဟာရွှေဇဗ္ဗူကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

(ပြည်နယ် ပြန်/ဆက်)