ကြို့ပင်ကောက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေး

ကြို့ပင်ကောက်  ၃၁  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးသည့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

 

09

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းတို့က အဖွင့်အမှာစကားများ ပြောကြားပြီး ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများမှ တင်ပြ ဆွေးနွေးသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

 

ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲသို့ အမျိုးသာလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမင်းသိန်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းဟိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ဒေသခံပြည်သူ အင်အား ၂၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)