ကျိုင်းတုံ  ဇူလိုင် ၁၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဘက်ဆိုင်ရာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့်နေရာအား ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

“ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအနေနဲ့ အောက်ဆီဂျင် စက်ရုံတစ်ခု တည်ဆောက်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုဖြင့်  ယနေ့ထိ အလှူငွေကျပ် သိန်း ၁၅၀၀ ကျော်ရရှိထားပြီး အောက်ဆီဂျင်စက်ရုံ တစ်ခုတည်ဆောက်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ တတိလှိုင်းရဲ့ ကူးစက်နှုန်းမြှင့်မားမှုနှင့် ပြင်းထန်မှုပေါ်မှာ မူတည်ပြီးတော့ လိုအပ်လာနိုင်တဲ့အတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် က ပြောသည်။

 

ကျိုင်းတုံမြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၄ ဦးရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)