ကျိုက်မရော ၁ စက်တင်ဘာ

 

ကျိုက်မရောမြို့နယ် ငပြေမကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းမှုနှင့်အတူ အတ္တရံမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာသဖြင့် မြစ်ကမ်းနားဘေးရှိ လူနေအိမ်များ၊ အထကခွဲကျောင်းနှင့်၊ လူမှုကယ်ဆယ်ရေး ရုံးများအတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းအချို့ ယာယီပြန်ပိတ်ထားရကြောင်း သိရသည်။

 

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် ဒေသခံများအနေဖြင့် ကုန်းမြင့်ရာ အဆောက်အဦးများသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ရန်အတွက် တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ငပြေမကျေးရွာနှင့် နီးစပ်လျက်ရှိသော ကျေးရွာအချို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)