ကျိုက်မရော   ဇူလိုင်   ၂၆

ကျိုက်မရောမြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(D.K.B.A) မွန်ပြည်နယ် စီးပွား/ဆက်ဆံရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ရပ်ကွက်/ကျေးရွာ  အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက  မြို့မအားကစားကွင်း၌ ပြုလုပ်သည်။

ဦးစွာ  ပြိုင်ပွဲဝင်  အားကစားအသင်းများ နေရာယူပြီး ဒီမိုကရေစီအကျိုးပြု (D.K.B.A) တပ်ရင်းမှူး စောလင်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိန်ဝေတို့က ပြိုင်ပွဲအား  ဖွင့်လှစ်ပေးခဲ့သည်။

၂၀၂၆ ခုနှစ် မိုးရာသီ  ရပ်ကွက်/ကျေးရွာ  အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဘောလုံးအသင်း(၁၃)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမနေ့ပွဲစဉ်အဖြစ် ကျိုက်ပရန်ကျေးရွာအသင်းနှင့် ပေါလောကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)