ကျိုက်မရော ဇူလိုင် ၂၆
ကျိုက်မရောမြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(D.K.B.A) မွန်ပြည်နယ် စီးပွား/ဆက်ဆံရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်း၌ ပြုလုပ်သည်။
ဦးစွာ ပြိုင်ပွဲဝင် အားကစားအသင်းများ နေရာယူပြီး ဒီမိုကရေစီအကျိုးပြု (D.K.B.A) တပ်ရင်းမှူး စောလင်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိန်ဝေတို့က ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
၂၀၂၆ ခုနှစ် မိုးရာသီ ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဘောလုံးအသင်း(၁၃)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမနေ့ပွဲစဉ်အဖြစ် ကျိုက်ပရန်ကျေးရွာအသင်းနှင့် ပေါလောကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


