ကျိုက်လတ်မြို့နယ် စက်ကြီးကုန်းကျေးရွာတွင် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲကျင်းပ

ကျိုက်လတ်   ၂၅  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စက်ကြီးကုန်းကျေးရွာတွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး (NEP) စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသွားသော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီက အဆိုပါကျေးရွာ ထရန်စဖော်မာရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးသန့်လွင်မြင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်တို့က အမှာစကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက စက်ခလုတ်နှိပ်၍ လျှပ်စစ်မီးကို စတင်လွှတ်ပေးခဲ့သည်။

 

582

 

စက်ကြီးကုန်းကျေးရွာ မီးလင်းရေးအတွက် နိုင်ငံတော်မှ NEP ( ၂ ) မိုင် ဖြင့် ( 11 )KV လိုင်း (၁ ဒသမ ၃၆ မိုင်)နှင့် ( 100 ) KVA ထရန်စဖော်မာ ပံ့ပိုးတည်ဆောက်ပေးခဲ့ပြီး ကျေးရွာမီးလင်းရေးနှင့် ရွာသူ ၊ ရွာသား များမှ ( 400 ) V လိုင်း ၁၆၂၀ ပေ တည်ဆောက်ကာ မီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသီဟစိုးမှ ပြောသည်။

 

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နန်းထိုက် (KGD)