ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား အီလက်ထရောနစ် မှတ်ပုံတင်ခြင်း စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

mdn

နေပြည်တော် ဇူလိုင် ၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျ ဆောင်ရွက်နိုင်ရန် အီလက်ထရောနစ် မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၁၆ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအ‌ဝေး ပထမနေ့၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ရန်နှင့်ကူးစက်မှု ပြတ် တောက်စေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသည့် လူဦးရေ ၁ ဒသမ ၇၅ သန်းကို အီလက်ထရောနစ် စနစ်သုံး Vaccine Management Information System သို့ ထည့်သွင်း ထားရှိရမည်ဖြစ်ပြီး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများ နောက်တစ်ကြိမ် ထပ်မံမထိုးနှံရေး ဂရုစိုက်သွား ရမည်ဖြစ်ပါကြောင်း၊ ရရှိလာမည့် ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း၊ ကူးစက်မှုဖြတ်တောက်ခြင်းနှင့် ရောဂါကြောင့် သေဆုံးမှုလျှော့ချခြင်းတို့အတွက် အကျိုးရှိစွာ အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ဦးစားပေးအုပ်စုများ သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း။

အဆိုပါ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် အတွက်အီလက်ထရော နစ်နည်းပညာကို အသုံးပြု၍ အချက်အလက် ကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ကဒ်ပြားထုတ်ပေးခြင်း၊ ဆေးထိုးစုရပ်တွင် mobile tablet များအသုံးပြု၍ မှတ်တမ်း ကဒ်ပြား ကို Scan ပြုလုပ်ခြင်း၊ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်းများကို နည်းပညာအသုံးပြု၍ စနစ်တကျစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်မှ နည်းပညာဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးမည်ဖြစ်သောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကာကွယ် ဆေးထိုးနှံပေးရမည့် ဦးစား ပေးအုပ်စုအလိုက် စနစ်တကျစာရင်း ကောက်ခံနိုင်ရန်နှင့် ကောက်ခံထားသည့် စာရင်းအပေါ် မူတည်၍ မြို့နယ်အသီးသီးရှိ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း စနစ် တကျဆောင်ရွက်နိုင်ရန် အီလက်ထရောနစ်မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရမည့်သူများ ဆေးထိုးရမည့် ရက်ချိန်းမတိုင်မီ ကြိုတင်၍ QR code ပါဝင်သော ဆေးထိုးမှတ်တမ်းကဒ်ပြားများ ဆေးထိုးစုရပ်အလိုက် ကြိုတင်ဝေငှပေး သွားနိုင်ရေးနှင့် အသုံးပြုသူလွယ်ကူစေရေး၊ အချိန်ကုန်သက်သာစေရေး တို့ကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက်သွားရန် ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အီလက်ထရောနစ် နည်းပညာ သုံး ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်ပြားအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ညွှန်ကြား ရေးမှူးချုပ်က ရှင်းလင်းတင်ပြပြီး နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာတို့က ဆွေးနွေးတင်ပြကြသည်။ တပ်မတော်မှနည်းပညာဆိုင်ရာ တာဝန်ရှိသူများက ကူညီပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများ၊ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်း များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)