ကျိုင်းတုံ ၅ ဇွန်
ကိုဗစ်-၁၉ ရောဂါ အတည်အပြုလူနာ Case - 112 သည် ရောဂါပိုးကင်းစင်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဇွန် ၅ ရက်တွင် ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာ Case - 112 သည် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု လူနာသီးသန့်ဆောင်တွင် ဧပြီလ ၂၁ ရက်နေ့မှ စ၍ ဆေးဝါးကုသမှုခံယူခဲ့ရာ ၎င်းသည် ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ် ဓာတ်ခွဲစစ်ဆေးမှု(၂)ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရ၍ Hospital Quarantine ၁၄ ရက် ဆောင်ရွက်ထားရှိပြီးဖြစ်၍ ဇွန် ၅ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်ခွင့်ရရှိကာ ၎င်းနေထိုင်ရာ တာချီလိတ်မြို့နေအိမ်တွင် Home Quarantine ဆက်လက် ဆောင်ရွက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တာချီလတ်မြို့မှ ၂ ဦး၊ မိုင်းဖြတ်မြို့မှ ၁ ဦး စုစုပေါင်း ၃ ဦး ဆေးဝါးကုသမှုခံယူခဲ့ရာ တာချီလတ်မြို့မှ အတည်ပြုလူနာ(၂)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး မိုင်းဖြတ်မြို့မှ အတည်ပြုလူနာတွင်လည်း နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရ၍ Hospital Quarantine ၁၄ ရက် စောင့်ကြည့်လျက်ရှိ ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)