ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုများ အာရှ- ပစိဖိတ်တွင် ဆက်လက်ဖြစ်ပွားလျက်

ဟောင်ကောင်  ဇွန် ၁၄

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် အာရှ-ပစိဖိတ်တွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

အိန္ဒိယ

အိန္ဒိယနိုင်ငံ၏ စုစုပေါင်းကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၂၉ သန်း ကျော်လွန်လာခဲ့ပြီး ၂၉၅၁၀၄၁ဝ အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။

ဇွန် ၁၃ ရက်က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၉၂၁ ဦးတိုးလာမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၃၇၄၃၀၅ ဦးအထိ ရောက်ရှိလာခဲ့သည်။ ဧပြီနှင့် မေလများအတွင်း ရက်ပေါင်းအတော်ကြာ ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားသူ ၄ဝဝဝဝဝ ကျော်လွန်လာပြီး နောက် ဇွန် ၁၄ ရက်က ကိုဗစ်- ၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၇၀၄၂၁ ဦး ရှိခဲ့သည်ဖြစ်ရာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ခုနှစ်ရက်ဆက်တိုက် ၁ဝဝဝဝဝ အောက်ကျဆင်းခဲ့ကြောင်း သိရသည်။

လတ်တလောနိုင်ငံအတွင်း ကိုဗစ်- ၁၉ကူးစက် ဖြစ်ပွားလျက်ရှိသူ ၉၇၃၁၅၈ ဦး ရှိသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၅၃ဝဝ၁ ဦးအထိ ကျဆင်းခဲ့သည်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ တစ်သန်းအောက် ကျဆင်းခဲ့သည်မှာ လွန်ခဲ့သော လအနည်းငယ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်- ၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၆၄၂၆ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၁၃၂၂၀၅၃ ဦးအထိ ရောက်ရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ဖော်ပြသည်။

ကိုဗစ်- ၁၉ ကြောင့် ၅၇ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်းသေဆုံးသူ ၂၂၈၄၅ ဦးအထိ ရောက်ရှိ လာခဲ့ကြောင်း အဆိုပါဌာနက သတင်းဆက်လက် ထုတ်ပြန်လိုက်သည်။

လူဦးရေသန်း ၁၁ဝ ကျော်ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးခဲ့သည့် ဇန်နဝါရီ ၂၀၂၀ မှစပြီး ယခုအချိန်အထိ လူဦးရေ ၁၃ သန်းကျော် ကိုဗစ်- ၁၉ စမ်းသပ်စစ်ဆေးပြီးခဲ့ကြောင်း သိရသည်။

ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာသော်လည်း မြို့တော်မနီလာ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေမှာ ထိခိုက်လွယ်သော အခြေအနေ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

mdn

 

မလေးရှား

မလေးရှားနိုင်ငံတွင် နောက်ထပ် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၄၉၄၉ ဦးရှိလာကြောင်း အတည်ပြုဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၆၆၂၄၅၇ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန် ၁၄ ရက်က သတင်းထုတ်ပြန်လိုက်သည်။ ။

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗဒူလာ က ထပ်မံကူးစက်ဖြစ်ပွားသူများ အနက် ခြောက်ဦးမှာ ပြည်ပကူးစက်သူများဖြစ်ပြီး ၄၉၄၃ ဦးမှာ ပြည်တွင်း ကူးစက်သူများဖြစ်ကြောင်း ပြောသည်။

ကိုဗစ်- ၁၉ ဖြင့် နောက်ထပ် ၆ဝ သေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်းသေဆုံးသူ ၃၉၆၈ ဦး ရှိလာခဲ့သည်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၅၈၆၈၆၄ ဦး ရာခိုင်နှုန်းအားဖြင့် ၈၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

ကျန်ရှိလျက်ရှိသည့် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွား နေသူ ၇၁၆၂၅ ဦးအနက် ၄၅၉ ဦးကို အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျက်ရှိပြီး အသက်ရှူ အထောက်အကူပြုကိရိယာ လိုအပ်လျက်ရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်

ကျန်းမာရေး အာဏာပိုင်များက တစ်နေ့အတွင်း ကိုဗစ်- ၁၉ စမ်းသပ်စစ်ဆေးမှု ၅ဝ၇ဝ စစ်ဆေးခဲ့ပြီးနောက် ၁၈ဝ၄ ဦး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့မှုနှင့်အတူ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၉၃၂၇၂ ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။

ကိုဗစ်ဆက်စပ်သေဆုံးသူ ၇၁ ဦး ထပ်တိုးလာကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်းသေဆုံးသူ ၃၆၈၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းဖော်ပြသည်။ ထို့အတူ ဇွန်  ၁၄ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၂၉၆ ဦးရှိသည်။

ပါကစ္စတန်

ပါကစ္စတန်တွင် ကိုဗစ် - ၁၉ ထပ်မံကူးစက် ဖြစ်ပွားလျက်ရှိသူ ၁၀၁၉ ဦးရှိကြောင်း အမျိုးသား ထိန်းချုပ်ကွပ်ကဲရေးနှင့် စစ်ဆင်ရေးဌာန (အင်န်စီအိုစီ) ကဇွန် ၁၄ ရက်က ပြောလိုက်သည်။

အင်န်စီအိုစီ၏ သတင်းထုတ်ပြန်ဖော်ပြချက်အရ နိုင်ငံအတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၉၄၂၁၈၉ ဦးရှိကြောင်း ဖော်ပြခဲ့သည်။ ၎င်းပမာဏ တွင် ကိုဗစ်- ၁၉ မှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၈၇၈၇၄၀ ပါဝင်သည်။

ကိုဗစ်-၁၉ကြောင့်သေဆုံးသူ ၃၄ ဦးထပ်တိုးလာမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၂၁၇၂၃ ဦးအထိ ရှိလာသည်။

ဆင်ဟွာ