ကျိုင်းတုံ ၄ စက်တင်ဘာ  


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သားအိမ်ခေါင်းကင်ဆာကို (အကြိုအဆင့် ) စမ်းသပ်ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သားအိမ်ခေါင်းကင်ဆာ (အကြိုအဆင့် )စမ်းသပ်ရှာဖွေ ကုသခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
     

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (အကြိုအဆင့် ) စမ်းသပ်ရှာဖွေကုသခြင်း လုပ်ငန်းများကို ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်မှုအဖွဲ့ နာယက ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီးမှ ဦးဆောင် ဆောင်ရွက်မည်ဖြစ်ပြီး အသက် ၃၀ နှစ်မှ သွေးမဆုံးသေးသော အိမ်ထောင်ရှိ အမျိုးသမီးများ စမ်းသပ်ရှာဖွေကုသနိုင်မည်ဖြစ်ရာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
                                                 

ခရိုင်(ပြန်/ဆက်)