နေပြည်တော် ဖေဖော်ဝါရီ    ၁၁

 

ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ်အတွင်း ဆင်သေနှင့် နန်ဖာကျေးရွာချင်းဆက်မြေသားလမ်း ၄ မိုင် အမာခံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ဆင်သေနှင့် နန်ဖာကျေးရွာချင်းဆက်မြေသားလမ်းသည် ချင်းတွင်းမြစ်အနောက် ဘက်ကမ်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုကြောင်း သိရသည်။

(သတင်းစဉ်)