ချက်နိုင်ငံမှာ အသွားလာပိတ်ဆို့မှု ရုပ်သိမ်းပြီး လူ ၃၀၀ အထိ စုဝေးခွင့် ပြုမယ်

၁၉ မေ

ဉရောနိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက် လျော့နည်းလာချိန်မှာ ချက်နိုင်ငံက လူ ၃၀၀ ဦးအထိ မေ ၂၅ ရက်မှ စပြီး စုဝေးခွင့်ပြုမှာဖြစ်ပါတယ်။  လူစုလူဝေးဆိုရာတွင် စားသောက်ဆိုင်များ နဲ့ အားကစားပွဲတွေပါ ပါဝင်ကြောင်း သိရပါတယ်။

 

ဆိုင်တွေ၊ ရုံးခန်းတွေနဲ့ အများသုံးယာဉ်ပေါ်တွင် မျက်နှာဖုံး ဝတ်ကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ မေ ၂၅ ကစပြီး ဆေးရုံတွေမှာ လူနာသွားမေးခွင့်နဲ့ ပင်စင်စားတွေနေထိုင်တဲ့ လူအိုရုံများကို သွားရောက်လည်ပတ်ခွင့်တွေ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ စည်းမျဉ်းတော့ လိုက်နာရမှာဖြစ်ပါတယ်။

 

လူစုလူဝေး ကန့်သတ်ဦးရေကို ဇွန် ၈ ရက်နေ့မှာ လူပေါင်း ၅၀၀ အထိ တိုးပြီး စုဝေးခွင့်ပြုမှာဖြစ်ပြီး ဇွန် ၂၂ ရက်မှာတော့ ၁,၀၀၀ ဦး အထိ တိုးပေးမယ်လို့ ကျန်းမာရေးဝန်ကြီး က ပြောပါတယ်။

 

တောင်ကိုရီးယားနိုင်ငံက နိုက်ကလပ်၊ ဘားတွေနဲ့ ဆက်စပ်တဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို နမူနာယူပြီး စားသောက်ဆိုင်နဲ့ ဘားတွေကို ည ၁၁ နာရီအထိသာ ဖွင့်ခွင့်ပေးမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုထိန်းချုပ်နိုင်ရန် နှစ်လနီးပါးပိတ်ထားခဲ့တဲ့ ရှော့ပင်းစင်တာ၊ ရုပ်ရှင်ရုံတွေ၊ ဆံပင်ညှပ်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေကို ပြီးခဲ့ တနင်္လာနေ့က စပြီး ပြန်လည်ဖွင့်ခွင့် ပေးခဲ့ပါတယ်။ 

 

လူဦးရေ ၁၀.၇ သန်းနေထိုင်တဲ့ ချက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၈,၅၈၆ ဦး ရှိပြီး ၂၉၇ဦး သေဆုံးကြောင်း မေ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP